www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 11, 2013

မြန်မာ့လေကြောင်း ၏ ရန်ကုန် - ဗုဒ္ဓဂယာခရီးစဉ် စတင် ပျံသန်းပြေးဆွဲ



ရန်ကုန် ၊ ၁၁-၁၁-၂၀၁၃

မြန်မာနိုင်ငံ သည် ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံ ဖြစ်သည်နှင့် အညီ ပြည်တွင်းရှိ ဒေသခံ ရဟန်းရှင်လူ ပြည်သူအများ အိန္ဒိယနိုင်ငံ ရှိ ဘုရားပွင့် တော်မူရာ နယ်မြေရှိ ဗုဒ္ဓပူဇနိယ ဌာနလေးခု သို့ နေ့ချင်းပေါက် ခရီးဖြင့် သွားရောက် ဖူးမြော် နိုင်စေရန် မြန်မာ့လေကြောင်း နှင့် ပြည်တွင်း ခရီးသွား ကုမ္ပဏီတို့ ပူးပေါင်းကာ ၂၀၁၃ ခုနှစ် ၏ ပထမဆုံး စတင် ပျံသန်း ပြေးဆွဲခြင်း ကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ စတင်ခဲ့ရာ ဗုဒ္ဓဘာသာ နွယ်ဝင် ရဟန်း ရှင်လူ ပြည်သူအများ စီးနင်း လိုက်ပါ ခဲ့ကြောင်း သိရသည်။

ခရီးစဉ် စတင် ပျံသန်း ပြေးဆွဲမှုအပေါ် မြန်မာ့လေကြောင်း စီးပွားရေး ဌာနမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးခင်မောင်ငြိမ်း က " ဒီနေ့ မနက် ရန်ကုန် - ဗုဒ္ဓဂယာ ခရီးစဉ် အဖြစ် EMBRAER - 190 ဂျက်လေယာဉ် ဖြင့် စတင် ပျံသန်း ပြေးဆွဲ ခဲ့ပါတယ် ၊ သံဃာတော် ၆ ပါး ၊ ခရီးသည် ၆၅ ဦး နဲ့အတူ တာဝန်ရှိ သူတွေ အပါအ၀င် စုစုပေါင်း ၁၂၇ ဦး လိုက်ပါ သွားခဲ့ ပါတယ် ၊ ရန်ကုန် လေဆိပ်ကနေ အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂယာ အရောက် ၂ နာရီ နဲ့ မိစန် ၂၀ ကြာမြင့်ပြီး နေ့ချင်းပေါက် ခရီးတစ်ခု ဖြစ်ပါတယ် ၊ မြန်မာ့ လေကြောင်း အနေနဲ့ ယမန်နှစ် ကလည်း အခုလိုမျိုး ပြေးဆွဲခဲ့ပြီး ဖြစ်ပါတယ် ၊ ဒီနှစ် အတွက်တော့ ဒါ ပထမဦးဆုံး စတင် ပြေးဆွဲခြင်း ဖြစ်ပြီး အောင်မြင်တဲ့ ခရီးစဉ် တစ်ခုလို့ ပြောရမှာပါ ၊ အခါကြီး ရက်ကြီး တွေကလွဲပြီး အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း လာမယ့် ဧပြီလ အထိ ပျံသန်း ပြေးဆွဲ သွားမှာပါ .. .. '' ဟု ပြောကြား ခဲ့သည်။

ဆက်လက်၍ " ၀န်ဆောင်မှု အနေနဲ့ မြန်မာ့ လေကြောင်း က လေယာဉ် စင်းလုံးငှား အစီအစဉ် ပြုလုပ် ပေးပြီး လေယာဉ်ပေါ် မှာပါတဲ့ သံဃာတော် တွေနဲ့ ခရီးသွား ဘုရားဖူး ပြည်သူတွေ ကို နိုင်ငံတကာ အဆင့်မီ စားသောက် ဖွယ်ရာတွေနဲ့ ဧည့်ခံ သွားမှာပါ။ ဒီလို ခရီးသွား လုပ်ငန်းတွေ အောင်မြင်အောင် မြန်မာနိုင်ငံရဲ့ ရှေးဟောင်း နယ်မြေတွေ ဖြစ်တဲ့ ပုဂံ ၊ ညောင်ဦး ၊ ဟဲဟိုး နဲ့ အခြား ရှေးဟောင်း အနုပညာ နယ်မြေတွေကို အခြား နိုင်ငံခြား ခရီးသွားတို့ လွယ်ကူစွာ သွားလာ နိုင်ရန် UDMA အဖွဲ့နဲ့ ဆွေးနွေးမှု တွေပြုလုပ်ပြီး ခရီးသွား လုပ်ငန်း အဆင့် မြှင့်တင်မှု တွေကို ပြုလုပ်သွား မှာပါ .. .. '' ဟု ပြောကြား ခဲ့သည်။

လေယာဉ် ကပ္ပတိန် ဦးမျိုးမြင့်အေး က '' ကျွန်တော်တို့ မြန်မာ့ လေကြောင်း အနေနဲ့ နှစ်စဉ် ဘုရားဖူး ခရီးသွား ရာသီတွေမှာ သက်ဆိုင်ရာ ခရီးသွား ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး F-28 လေယာဉ်တွေ နဲ့အတူ ဘရာဇီး နိုင်ငံက EMBRAER- 190 လေယာဉ်တွေ နဲ့ ပြေးဆွဲခဲ့တာ ယခုဆိုရင် အကြိမ်ပေါင်း ၂ဝ ကျော်ခဲ့ပါပြီ ၊ ဒီနှစ်အတွက် ပထမဆုံး အကြိမ် စတင် ပျံသန်း ပြေးဆွဲခြင်း ဖြစ်ပါတယ် .. .. '' ဟု ပြောကြားသည်။


'' ယခုတစ်ကြိမ်က ပထမဆုံး အကြိမ်သွားခြင်း ဖြစ်ပါတယ် ၊ မြတ်စွာ ဘုရားရှင် ပွင့်တော်ရာ ဒေသကို သွားရတာ ဖြစ်တဲ့အတွက် အလွန်ဝမ်းသာ ပီတိ ဖြစ်ရပါတယ် ၊ မြန်မာ့ လေကြောင်း ကိုလည်း ကျေးဇူးတင်ပါ တယ် .. .. '' ဟု ထိုလေယာဉ်ဖြင့် ဘုရားဖူး လိုက်ပါ သွားသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ နေ ဦးစိုင်းခမ်းနိုင် က ပြောကြား ခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger