www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 6, 2013

ပင်လယ်ပြင် အမှိုက်များသည် ကမ္ဘာ့လိပ်ကြီးများ ၏ မျိုးပွားမှုကို ကျဆင်း စေသည့်အပြင် အသက်ကို သေစေနိုင်


ပင်လယ်ပြင် အတွင်း အမှိုက်များ ၊ ပိုက်ကွန်များ နှင့် ပုလင်းခွံများ ကို စည်းကမ်းမဲ့စွာ စွန့်ပစ်ကြ သောကြောင့် သြစတြေးလျ ကမ်းရိုးတန်း များမှ မြန်မာနိုင်ငံ ပင်လယ် ကမ်းရိုးတန်း များဆီသို့ လာရောက် ဥဥကြပြီး မျိုးပွားကြသော ကမ္ဘာ့လိပ်ကြီး များ၏ အသက် အန္တရာယ်ကို ထိခိုက် စေသည့်အပြင် မျိုးပွားမှုများ ကို အနှောင့်အယှက် ပေးနေကြောင်း လိပ်မျိုး မသုဉ်းစေရန် ကာကွယ် စောင့်ရှောက် နေသည့် ငါးလုပ်ငန်း ဦးစီးဌာန နှင့်  သြစတြေးလျ နိုင်ငံမှ ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သို့ ပင်လယ်လိပ်ကြီး များ နှစ်စဉ် လာရောက် ဥဥမျိုးပွားမှု များမှာ တစ်နှစ်ထက် တစ်နှစ်ကျ ဆင်းလာနေပြီး ပင်လယ်ပြင် လိပ်ကြီးများ မှာလည်း လူတို့ စွန့်ပစ်သော အမှိုက်များ ကြောင့် ကျွန်းများပေါ် သို့ တက်ရောက်ရာ လမ်းများတွင် ယင်းအမှိုက်များ နှင့်ငြိမိပြီး သေဆုံးမှုများ ရှိနေသကဲ့သို့ ထိုအမှိုက် များကြောင့် ဥချရန် တွင်းတူးရာတွင် ပင်လယ်လိပ်ကြီး များမှာ အခက်အခဲ များနှင့် ကြုံတွေ့ ကြရပြီး ကျွန်းများပေါ်တွင် တင်ကျန်နေသော ပလတ်စတစ် အမှိုက် များကို စားသုံး မိသော ပင်လယ်လိပ်ကြီး များသည်လည်း အသက် အန္တရာယ် ဖြစ်တတ် သည်ဟု သိရသည်။

ယင်း ပင်လယ်လိပ်ကြီး များသည် ယင်းတို့ ပေါက်ပွားခဲ့သော ဇာတိ ချက်မြှုပ်ကျွန်းများ ပေါ်သို့ နှစ်ပေါင်း သုံးဆယ်ကြာမှ သာ ပြန်လည် ရောက်ရှိ တတ်ကြပြီး ပေါက်ပွားရာ ကျွန်းများကို မှတ်မိကြ သည်ဟု ပင်လယ်လိပ်များ ကို သုတေသန ပြုနေသူ ပါမောက္ခ တစ်ဦးက ပြော ကြားခဲ့သည်။

နှစ်ပေါင်းသုံးဆယ် အကြာတွင် ယင်းတို့ကို မွေးဖွားခဲ့သော ကျွန်းများပေါ်သို့ ပြန်လည် ရောက်ရှိကြပြီး ယင်းတို့၏ မျိုးပွားမှုကို လုပ်ဆောင် ကြသည်ဟု သိရသည်။ ထို ပင်လယ်လိပ် ကြီးများမှာ ကမ္ဘာဦးမှ စတင် ပေါက်ပွား နေထိုင် ခဲ့သော ရှေးအကျဆုံး သတ္တဝါများ လည်းဖြစ်ပြီး သက်တမ်း အားဖြင့် လူသားများ၏ သက်တမ်းနှင့် တန်းတူ အနေအထားလောက် ရှိသည်ဟု သုတေသန ပညာရှင်များက သုံးသပ် ပြောဆို ခဲ့ကြသည်။

ထိုလိပ်ကြီးများ ကို လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ခန့်က မြန်မာ နိုင်ငံ၏ ကမ်းရိုးတန်း များတွင် အလွန်များပြားစွာ တွေ့ရှိရပြီး ယခု အချိန်တွင် ထို ပင်လယ်လိပ်ကြီး များမှ တစ်နှစ်ထက် တစ်နှစ် လျော့နည်း လာနေကာ အကောင် ၁၀၀ အောက်သို့ ကျဆင်း နေကြောင်းလည်း သိရသည်။

အဆိုပါ ပင်လယ်လိပ်ကြီး များ တစ်နှစ်ထက် တစ်နှစ် လျော့နည်း လာခြင်းသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ နှင့် ပင်လယ်ပြင် အတွင်း လူတို့၏ စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်နေမှုများ ကြောင့်ဖြစ်ပြီး ယင်း ပင်လယ်လိပ် ကြီးများကို မျိုးမသုဉ်း စေရန် ကာကွယ် ထိန်းသိမ်းရန် လိုအပ်နေ ပြီဖြစ်သည်။

ယင်း ပင်လယ်လိပ်ကြီး များမှာ လူသားများ ကြောင့် မျိုးသုဉ်းလု နီးပါးဖြစ် နေသောကြောင့် စည်းကမ်း တကျ ထိန်းသိမ်း ရန်လည်း လိုအပ် နေပေသည်။ ထို ပင်လယ်လိပ်ကြီးများ လာရောက် မျိုးပွားခြင်းကို ကာကွယ်

ပေးရန် အတွက် ကျွန်းများပေါ်ရှိ အမှိုက်များကို နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး အခါ အားလျော်စွာ ဖယ်ရှားရေး လုပ်ငန်းများ ဆောင်ရွက် နေသည်ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ပင်လယ်လိပ် ထိန်းသိမ်းရေး ဆောင်ရွက်သူများ က ပြောကြားခဲ့ ကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger