www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 6, 2013

ဂျာမနီ - အမေရိကန် ဆက်ဆံရေးတွင် ထိခိုက်လွယ်သော အခြေအနေ မရှိသင့်ဟု ဂျာမနီ ၀န်ကြီးချုပ် က ပြောကြား


ဂျာမနီ ဝန်ကြီးချုပ် ၏ ပြောရေး ဆိုခွင့်ရှိသူ Steffen Seibert

ဘာလင် ၊ ၆-၁၁-၂၀၁၃

ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်လ် က ဂျာမနီနှင့် အမေရိကန် မဟာမိတ် နှစ်နိုင်ငံ၏ အရေးပါမှုကို နိုဝင်ဘာ ၄ ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

အက်ဒဝပ် စနိုဒန်ကို နိုင်ငံရေး ခိုလှုံခွင့်ပြု ၊ မပြုနှင့် ပတ်သက်၍ ဂျာမနီနှင့် အမေရိကန် နိုင်ငံတို့ အကြား အချေအတင် ဆွေးနွေးမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အဟန့်အတား ဖြစ်စေမည် မဟုတ်ဟု မာကယ်လ် က ပြောကြား ခဲ့သည်။ မာကယ်လ် အနေဖြင့် ဂျာမနီ နိုင်ငံသားတို့၏ သတင်း အချက်အလက် နှင့် လွတ်လပ်မှု ကို တရားမဝင် စောင့်ကြည့် ထောက်လှမ်းမှုမှ ကာကွယ်ရန် တာဝန်ရှိသည် ဟုယုံကြည် ထားကြောင်း ၊ အမေရိကန် နိုင်ငံနှင့် ယုံကြည်မှု ပြန်လည် တည်ဆောက်ရေး နှင့် ရေရှည် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ရှင်းလင်းသည့် စည်းမျဉ်း စည်းကမ်းများ ချမှတ်ရေး ဆောင်ရွက်လျက် ရှိကြောင်း မာကယ်လ် ၏ ပြောရေး ဆိုခွင့်ရှိသူ Steffen Seibert က ပြောကြား ခဲ့သည်။


စနိုဒန် အား နိုင်ငံရေး ခိုလှုံခွင့် ပြုရေးအတွက် ဂျာမနီ အတိုက်အခံ အဖွဲ့များ၏ တောင်းဆိုမှုများ ပေါ်ထွက်လာစဉ် ထိုကဲ့သို့ ပြောကြားမှုများ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် မာကယ်လ် ၏ ဆဲလ်ဖုန်းအား တရားမဝင် စောင့်ကြည့် ထောက်လှမ်းမှု အပါအဝင် အမေရိကန် နိုင်ငံ၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ် အပေါ် စနိုဒန် ၏ ထွက်ဆိုချက် ပေးခဲ့မှုအတွက် ဂျာမနီ အစိုးရ အနေဖြင့် ၄င်းအား နိုင်ငံရေး ခိုလှုံခွင့် ပေးရန် အတိုက်အခံ နိုင်ငံရေး ပါတီများက တောင်းဆို ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger