www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 29, 2013

ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ နှင့် မြန်မာ့ အာမခံလုပ်ငန်း အပါအ၀င် အာမခံအသင်း ဖွဲ့စည်းမည်


ရန်ကုန် ၊ ၂၉-၁၀-၂၀၁၃

မြန်မာ့ အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ ပါဝင် ဖွဲ့စည်းမည့် အာမခံအသင်း တစ်ခုကို ဖွဲ့စည်းနိုင်ရန် အစီအစဉ် ချမှတ်ထားကြောင်း မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယင်း အာမခံ အသင်းကို ဖွဲ့စည်းမည့် ရည်ရွယ်ချက်မှာ ပြည်တွင်း အာမခံ ဈေးကွက် ဖွံ့ဖြိုး တိုးတက်စေရန် နှင့် အာမခံ လုပ်ငန်း လုပ်ဆောင်ရာတွင် လိုအပ်သည့် သတ်မှတ်ချက် များကို အသင်းမှပင် ချမှတ် ဆောင်ရွက်မှုများ ပြုလုပ်နိုင် ရန်ဖြစ်ကြောင်း သိရသည်။

အသင်း ဖွဲ့စည်းခြင်းကို ပုဂ္ဂလိက ကုမ္ပဏီ ၁၂ ခုလုံး လုပ်ငန်းလုပ် ကိုင်ခွင့် လိုင်စင် ပေးအပ်ပြီးပါက ဖွဲ့စည်းသွားမည် ဖြစ်ကာ လက်ရှိတွင် လုပ်ငန်း လိုင်စင်ကို ပုဂ္ဂလိက ကုမ္ပဏီ ၁၁ ခုသို့ ပေးအပ်ခဲ့ပြီး ကုမ္ပဏီ တစ်ခုသာ ပေးအပ်ရန် ကျန်ရှိ တော့ကြောင်း သိရသည်။


လက်ရှိတွင် လုပ်ငန်းလုပ်ကိုင် နေကြသည့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ အနေဖြင့် အသက် အာမခံလုပ်ငန်း ၊ အထွေထွေ အာမခံ လုပ်ငန်းများ ဖြစ်သော မီးအာမခံ လုပ်ငန်း ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ ၊ သမာဓိ အာမခံ ၊ ငွေပို့ ငွေသယ် အာမခံနှင့် ငွေသားလုံခြုံမှု အာမခံ တို့ကို လုပ်ကိုင်ခွင့် ရရှိထားသည်။ မြန်မာ့ အာမခံ လုပ်ငန်းများကို ယခုနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီ များကို လုပ်ငန်း လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger