မန္တလေး ၊ ၂၄-၁ဝ-၂ဝ၁၃
မန္တလေးမြို့ ၊ အောင်မြေသာစံ မြို့နယ်
၊ ၆၆ လမ်း ၊ ၂ဝx၂၁ လမ်းကြား ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ အနုပညာ အထက်တန်းကျောင်း ၌ ယနေ့
နံနက် ၅ နာရီ ၇ မိနစ် အချိန်ခန့်မှ ၅ နာရီ ၁၅ မိနစ် အချိန်ခန့် အထိ စာပေ ကျောင်းဆောင်
၊ ဆို /က /ရေး /တီး စာသင်ဆောင် များအား မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည်။
အဆိုပါ မီးလောင်မှုမှာ ဆရာမကြီး ဒေါ်ဝင်းဝင်းစိန်
နေထိုင်သည့် အခန်းရှိ ဝါယာမိန်းခုံ မှ ရှော့ဖြစ်၍ လောင်ကျွမ်းခြင်း ဖြစ်ပြီး ပေ (၇ဝx၁၂)
ရှိ စာသင်ဆောင် ၃ ဆောင် ကူးစက် လောင်ကျွမ်း ခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်း ရာနေရာသို့ အထက်
မြန်မာပြည် မီးသတ် ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ၊ တိုင်းမီးသတ် ဦးစီးမှူး ဦးကြည်တိုး
၊ ခရိုင် မီးသတ် ဦးစီးမှူး ဦးလှမင်း တို့ ဦးစီး၍ မီးသတ်ယာဉ် ၁၈ စီး ၊ သန္ဓေ မီးသတ်
တပ်ဖွဲ့ဝင် ၂၅ ဦး နှင့် အရန် မီးသတ် တပ်ဖွဲ့ဝင် ၈ဝ ဦးတို့ဖြင့် ရောက်ရှိ ဝိုင်းဝန်း ငြိမ်းသတ် ခဲ့ရပြီး မီးလောင် ဆုံးရှုံးမှု
တန်ဖိုး ၆ဝဝဝဝဝိ/-ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment