www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 19, 2013

ဒီဇင်ဘာတွင် ပြုလုပ်မည့် မှတ်တမ်းရုပ်ရှင် ရိုက်ရုင် ရိုက်ကူးမှု အခမဲ့ သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူ


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၃

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှု အခမဲ့ သင်တန်း တက်ရောက်ရန် သင်တန်းသားများ ခေါ်ယူလျက် ရှိကြောင်း လူ့အခွင့်အရေး နှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရုံး မှ တာဝန်ရှိသူ တစ်ဦး၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ သင်တန်း ကာလမှ ငါးပတ် ကြာမြင့်မည် ဖြစ်ပြီး သင်တန်းတက် ရောက်ခွင့် လျှောက်လွှာ များကို လူ့ အခွင့်အရေး နှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ရုံးခန်းနှင့် www.hrhdiff.org ဝက်ဘ်ဆိုက်တွင် ရယူ နိုင်သည်။

မြန်မာနိုင်ငံသား မည်သူမဆို တက်ရောက်ရန် လျှောက်ထား နိုင်ပြီး နယ်မှ သင်တန်းသား များအတွက် နေထိုင် စားသောက်ရေး တာဝန်ယူမည် ဖြစ်ကာ လျှောက်လွှာများ ကို HRHDIFF အမှတ် (၃ဝ၂) တတိယထပ် ၇ မိုင် ကွန်ဒို မရမ်းကုန်း မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ နိုဝင်ဘာလ ၈ ရက် နောက်ဆုံးထား ၍ အရောက် ပေးပို့ ရမည် ဖြစ်ကြောင်း သိရသည်။


သင်တန်း ဝင်ခွင့် လျှောက်လွှာ များကို HRHDIFf ရုံးသို့ ကိုယ်တိုင် ဖြစ်စေ ၊ စာတိုက်မှ ဖြစ်စေ ပေးပို့နိုင်ပြီး အီးမေးလ်ဖြင့် info:hrhdiff@gmail.com သို့လည်း ပေးပို့နိုင်သည်။ အီးမေးလ် ဖြင့်ပို့ရာတွင် ဓာတ်ပုံကို ပါ ပူးတွဲပို့ပေး ရမည်ဖြစ်ပြီး အထောက်အထား ပြည့်စုံသော လျှောက်လွှာ များထံမှ လူတွေ့ စစ်ဆေးရန် သင့်လျော် သူများကို ပဏာမ ရွေးချယ်၍ အရွေးခံရသော လူစာရင်း အရ လူတွေ့ စစ်ဆေးရန် အကြောင်းကြား ကာ လူတွေ့ စစ်ဆေးပြီး သင်တန်း တက်ရောက်ခွင့် ရသူများကို အခမဲ့ သင်တန်း ဖွင့်လှစ်ပို့ချ သွားမည် ဖြစ်ကြောင်း နှင့် မှတ်တမ်း ရုပ်ရှင် ရိုက်ကူးရန် စိတ်ပါ ဝင်စားသူများ အနေဖြင့် အသေးစိတ် စုံစမ်း လိုပါက ဖုန်း ဝ၉- ၄၅ဝဝ ၅၂၃၉၂ သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger