www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 4, 2013

IOSA လက်မှတ်ရရှိသော လေကြောင်းလိုင်း မှသာ နိုင်ငံတကာ လေကြောင်းလိုင်း များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည်


ရန်ကုန် ၊ ၄-၉-၂၀၁၃

ပြည်တွင်းရှိ လေကြောင်းလိုင်း များမှာ နိုင်ငံတကာ လုံခြုံ စိတ်ချရမှု အဆင့်အတန်း နှင့် ချိန်ထိုး စစ်ဆေးခြင်း ခံယူနိုင်သည့် International Operational Safey Audit _ IOSA လက်မှတ် ရရှိရန် လုပ်ဆောင် သင့်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန မှ ဒုတိယ ၀န်ကြီး ဦးဇင်ယော် က အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း နှစ် ၂၀ ပြည့်ပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

IOSA လက်မှတ် ရရှိသော လေကြောင်းလိုင်း မှသာလျှင် နိုင်ငံတကာ လေကြောင်းလိုင်း များနှင့် ပူးပေါင်း ဆောင်ရွက် နိုင်မည် ဖြစ်ပြီး လက်ရှိတွင် ပြည်တွင်း လေကြောင်းလိုင်း များ၌ အပြည်ပြည် ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း MAI သာ IOSA လက်မှတ် ရရှိထားကြောင်း သိရသည်။


လက်ရှိတွင် နိုင်ငံတကာ လုံခြုံ စိတ်ချမှု အဆင့်အတန်း နှင့် ချိန်ထိုး စစ်ဆေးခြင်း ခံယူနိုင်သည့် IOSA လက်မှတ် ရရှိထားသော MAI လေကြောင်းလိုင်း မှ IOSA လက်မှတ် အပြင် နိုင်ငံတကာ အဆင့်မီ လေကြောင်းလိုင်း တစ်လိုင်းတွင် ရှိအပ်သော Flight Operations Department, Safty Department, Quality Department, Engineering and Maintenance Department များကိုလည်း စနစ်တကျ ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger