www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 5, 2013

အားကစားဝန်ကြီးဌာန မှ B.Sc (Sport) နှင့် B.A (Sport) ဘာသာရပ် ၀င်ခွင့်အတွက် ပြန်လည် စစ်ဆေးသွားမည်


ရန်ကုန် ၊ ၅-၉-၂၀၁၃

တက္ကသိုလ် ၀င်တန်း အောင်မြင်ပြီးသော သူများ အနေဖြင့် ယခု လာမည့် ပညာသင်နှစ် အတွက် တက်ရောက်ရန် လျှောက်ထား ရာ၌ ဘာသာရပ် အသစ် ဖြစ်သည့် အားကစား ဘာသာရပ် အတွက် အားကစား ၀န်ကြီးဌာန မှ တာဝန်ရှိ သူများနှင့် ၀င်ခွင့် များကို ပြန်လည် စိစစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ဆေးရာတွင် ကျောင်းဝင် ညွှန်ကြားလွှာ တွင် ပါဝင်သည့် အချက်များ ထဲမှ အားကစားနည်း တစ်ခုခုတွင် ထူးချွန်သည့် အပြင် ရွှေ ၊ ငွေ အစရှိသော ဆုတံဆိပ် ရရှိပြီးသူ နှင့် ကျောင်းအိပ် ကျောင်းစား နေထိုင် သူများအား ဦးစားပေး ရွေးချယ် သွားမည် ဖြစ်ပြီး ၀င်ခွင့် လျှောက်ထား သူများကို ကျန်းမာရေး ၊ အားကစား နှင့် ပတ်သက်၍ ရေးဖြေ အဆင့် ထပ်မံ သတ်မှတ် သွားမည် ဖြစ်ကြောင်း အားကစား ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ရွေးချယ်ပြီးသော ကျောင်းသား ကျောင်းသူ များအား ရန်ကုန်ရှိ ဒဂုံ တက္ကသိုလ် အတွက် ဦးရေ ၅၀ နှင့် မန္တလေး ရတနာပုံ တက္ကသိုလ် အတွက် ကျောင်းသား ဦးရေ ၅၀ စီ ရွေးချယ် သွားမည် ဖြစ်သည်။ ထို့အပြင် ၀ိဇ္ဇာသိပ္ပံ ကျောင်းသား ကျောင်းသူ တိုင်းအတွက် အားကစား ကျွမ်းကျင်မှု အပေါ် အခြေခံ၍ ၀ိဇ္ဇာ ဘာသာရပ် ယူထားမှု အတွက် B.A (Sport) ဘွဲ့နှင့် သိပ္ပံ ဘာသာရပ် ယူထားသူ အတွက် B.Sc (Sport) စသည့် ဘွဲ့များကို ပညာသင်နှစ် ၄ နှစ် ပြီးဆုံးပါက သက်ဆိုင်ရာ အထူးပြု အလိုက် ပေးအပ်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger