www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 29, 2013

ရောင်းချရန် ပြန်ပေးဆွဲ ခံထားရသော ကလေးငယ် ၉၂ ဦးအား တရုတ်ရဲတပ်ဖွဲ့ ကယ်တင်


ပေကျင်း ၊ ၂၉-၉-၂၀၁၃

တရုတ်ရဲတပ်ဖွဲ့ သည် ရောင်းချရန် အတွက် ဂိုဏ်းဖွဲ့ တစ်ခု၏ ပြန်ပေးဆွဲခြင်း ခံထားရသော ကလေးငယ် ၉၂ ဦးနှင့် အမျိုးသမီး ၂ ဦးအား ကယ်တင်ခဲ့ပြီး သံသယ ရှိသူ ၃ဝ၁ ဦးအား ဖမ်းဆီးခဲ့ ကြောင်း ယခုနှစ်များ အတွင်း လူမှောင်ခို ကူးမှုနှင့် ပတ်သက်၍ အကြီးမားဆုံး ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှု ဖြစ်ကြောင်း တရုတ်နိုင်ငံ ပိုင် ဆင်ဟွာ သတင်းဌာနက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

တရုတ် ရဲတပ်ဖွဲ့သည် ၆ လကြာ စုံစမ်းမှု ပြုလုပ် ခဲ့ပြီးနောက် ပြည်နယ် ၁၁ ခုရှိ နေရာ အသီးသီး အား တစ်ပြိုင်နက် တည်းဝင်ရောက် စီးနင်း ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာန က ဖော်ပြခဲ့သည်။


သို့ရာတွင် ထိုသို့ ကယ်ဆယ်မှုနှင့် ဖမ်းဆီးမှု ပြုလုပ်သည့် ရက်စွဲ အတိအကျ နှင့် ပြန်ပေးဆွဲ ခံထားရသော ယောက်ျားလေး နှင့် မိန်းကလေး အရေအတွက် တို့ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိကြောင်း သိရသည်။ ကျေးလက် ဒေသများတွင် သားယောက်ျား ကလေးများအား ပိုမို အလေးပေး မှုနှင့် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒတို့သည် လွန်ခဲ့သော နှစ်များတွင် ကလေးသူငယ် နှင့် အမျိုးသမီး များအား လူမှောင်ခို ကူးမှု ပိုမိုမြင့်မား လာစေခဲ့ပြီး ပြန်ပေးဆွဲ ခံရသော အမျိုးသမီး များသည် တစ်အိမ်ထောင် ကလေး တစ်ယောက် မူဝါဒ၏ အကျိုးဆက် အဖြစ် အမျိုးသားနှင့် အမျိုးသမီး ဦးရေ မညီမျှမှု အရ သတိုးသမီး များ ရှာဖွေရန် မတတ်နိုင်သော တရုတ်နိုင်ငံ အစွန်အဖျား ဒေသများရှိ အမျိုးသား များထံသို့ ရောင်းချခံ ရကြောင်း သိရသည်။ တရုတ် အစိုးရသည် ပြန်ပေးဆွဲ ခံရသော ကလေးငယ် များအား ဝယ်ယူသူ များကို ပြင်းပြင်း ထန်ထန် အပြစ်ပေး သွားမည် ဖြစ်ပြီး ရောင်းချသော မိဘများ ကိုလည်း အပြစ်ပေး သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger