www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 29, 2013

အမေရိကန် နိုင်ငံထုတ် လေယာဉ် နှစ်စင်း နိုဝင်ဘာတွင် ရောက်ရှိမည်


နေပြည်တော် ၊ ၂၉-၉-၂၀၁၃

မြန်မာ့လေကြောင်း မှ ဝယ်ယူထားသည့် ခရီးသည် ၁၂ ဦးဆံ့ပြီး ကုန်ချိန် ကီလိုဂရမ် တစ်ထောင်ခန့် သယ်ဆောင် နိုင်မည့် အမေရိကန် နိုင်ငံထုတ် လေယာဉ် ၂ စင်း နိုဝင်ဘာလ တွင် ရောက်ရှိ မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ် ၂ စင်းသည် မြန်မာနိုင်ငံ အတွင်း သွားလာရ ခက်ခဲသော ဒေသများ အတွက် အသုံးပြု သွားမည် ဖြစ်ပြီး ကွင်းတို လေယာဉ်ကွင်း များတွင် ဆင်းသက် နိုင်ကြောင်း ၊ Grand Caravan 208 B  အမျိုးအစားများ ဖြစ်ပြီး အမေရိကန် နိုင်ငံ  CESSNA လေယာဉ် ကုမ္ပဏီမှ ထုတ်လုပ်သော လေယာဉ်များ ဖြစ်ကြောင်း သိရှိရသည်။


'' အောက်တိုဘာလ အတွင်းမှာ သွားရောက် လက်ခံမှာ ဖြစ်ပါတယ် ၊ သွားလာရ ခက်တဲ့နေရာ တွေအတွက် ရွေးချယ် မှာထားတာပါ ၊ နေရာမရွေး ပြေးဆွဲနိုင် အောင် လုပ်ဆောင်ခြင်း လည်းဖြစ်ပါတယ် ... ''ဟု ၄င်းက ပြောကြားသည်။ လက်ရှိတွင် မြန်မာ့လေကြောင်း လိုင်းမှ ATR - 42 လေယာဉ် တစ်စင်း ၊ ATR - 72 လေယာဉ် နှစ်စင်း ၊ Beech 1900 D လေယာဉ် နှစ်စင်း ၊ Embraer 190 လေယာဉ် နှစ်စင်း စုစုပေါင်း ခုနှစ်စင်း ဖြင့် မြို့ပေါင်း ၂၆ မြို့သို့ ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိနေကြောင်း ၊ ထပ်မံ၍ လိုအပ်ချက်များ အပေါ် မူတည်ပြီး ဝယ်ယူ ပြေးဆွဲနိုင် ရန်လည်း အစီအစဉ်များ ရှိနေကြောင်း လည်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger