www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 18, 2013

စက်တင်ဘာလဆန်း အထိ အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်မှ ခရီးသွားများ ၀င်ရောက်မှု


ရန်ကုန် ၊ ၁၈-၉-၂၀၁၃

မြန်မာနိုင်ငံ အတွင်းသို့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထိုင်းခရီးသွား ဝင်ရောက်မှု စက်တင်ဘာလ ဆန်းအထိ ခြောက်သောင်း ခွဲကျော်ရှိပြီး ဝင်ရောက်မှု အများဆုံး ပထမနေရာ ၌ ရပ်တည်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ထိုင်းခရီးသွား ဧည့်သည်များ ဝင်ရောက်မှုသည် ယခင်နှစ်က အလားတူ ကာလအတွင်း ၌ ပထမဆုံး နေရာတွင် ရှိနေခဲ့ကြောင်း ၊ ထို့အတူ နှစ်စဉ် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော အာရှ ခရီးသွားများ အနက် အများဆုံး ရှိခဲ့ကြောင်း ၊ ဒုတိယ နေရာတွင် ဂျပန်နိုင်ငံ ရှိနေပြီး တတိယ နေရာတွင် တောင်ကိုရီးယား နိုင်ငံ မှ ရပ်တည်လျက် ရှိကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ အတွင်းသို့ ခရီးသွား ဝင်ရောက်မှုနှုန်း မြင့်တက် လာခဲ့ပြီး ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ခရီးသွား ၀င်ရောက် မှုနှုန်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ လမှ စက်တင်ဘာ လဆန်း အထိ ဦးရေ ၂၁၁၁၉၅ ဦးရှိခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ် ကထက် ဦးရေ ၈၇၂၀၃ အထိ တိုးလာခဲ့ကြောင်း ၊ လက်ရှိ အာရှ ခရီးသွား ၀င်ရောက်မှုတွင် စုစုပေါင်း ဦးရေ ၂၉၈၃၉၈ ရှိပြီး ထိုင်းလူမျိုး ၆၇၀၃၁ ဦး ၊ ဂျပန် လူမျိုး ၄၃၀၂၇ ဦး ၊ တောင်ကိုရီးယား လူမျိုး ၃၄၂၅၉ ဦး နှင့် တရုတ် လူမျိုး ၃၁၆၇၀ ဦး ရှိခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံ သို့ အများဆုံး ၀င်ရောက်သော အာရှ ၁၀ နိုင်ငံမှာ ထိုင်း ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ တရုတ် ၊ မလေးရှား ၊ စင်ကာပူ ၊ ထိုင်ဝမ် ၊ ဟောင်ကောင် ၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ဖြစ်ကြောင်း ၊ ယင်းအတွက် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် မှ ခရီးသွား ၀င်ရောက်မှု တိုးပွား လာသည်နှင့် အမျှ ဟိုတယ် အခန်း လိုအပ်ချက် များ ပြည့်မီ နိုင်အောင် စီမံချက် လုပ်ဆောင်မှု ပြီးစီးနိုင်ရန် လိုအပ်ကြောင်း လည်း သိရှိရသည်။ (စိုးမိုး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger