www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 18, 2013

အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး သုတေသနပြုရာတွင် ILO မှအကြံဉာဏ် ရယူသွားမည်


ရန်ကုန် ၊ ၁၈-၉-၂၀၁၃

အလုပ်သမား များအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး အတွက် သုတေသန ပြုရာတွင် ILO အဖွဲ့အစည်း မှ အကြံဉာဏ်များ ရယူ သွားမည် ဖြစ်ကြောင်း အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပြည်တွင်း အလုပ်သမား များတွင် အလုပ်ချိန် တိကျစွာ လုပ်ကိုင်ပြီး လုပ်အားခ ကြေးငွေ ရရှိမှု နည်းပါးခြင်း ၊ မျှတမှု မရှိခြင်းများ ရှိနေကြောင်း ၊ နိုင်ငံတကာတွင် အလုပ်သမား များအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ် ထားပြီး မြန်မာနိုင်ငံ တွင်လည်း သတ်မှတ် နိုင်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

'' လုပ်ဆောင်တဲ့ နေရာမှာ အလုပ်သမား အဖွဲ့အစည်း တွေရဲ့ အကြံဉာဏ်တွေ  မယူလို့ မရပါဘူး ၊ အလုပ်သမား တွေရဲ့ ရရှိတဲ့ လုပ်အားခနဲ့ စားဝတ်နေရေး မျှတမှု ရှိ - မရှိ စစ်တမ်း ကောက်ယူ မှာပါ ... ''ဟု ၄င်းက ပြောကြား ခဲ့သည်။ အဆိုပါ သုတေသန ပြုလုပ်ခြင်းကို အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှု ဖွံ့ဖြိုးရေး အဖွဲ့ (MDRI) တို့ ပူးပေါင်း၍ သုတေသန ပြုလုပ်မည် ဖြစ်ကြောင်း ၊ ထို့အပြင် တိကျ ခိုင်မာသော အခကြေးငွေ မသတ်မှတ် နိုင်ခင် ကာလအတွင်း အခြေခံမူ နှင့် ကိုက်ညီပြီး နိုင်ငံတကာ စံနှုန်းအတိုင်း ယာယီ အားဖြင့် သတ်မှတ်ပေး နိုင်ရန် အရင်ဆုံး ဆောင်ရွက် မည်ဖြစ် ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် လယ်ယာ စိုက်ပျိုးရေး အခြေခံသော နိုင်ငံဖြစ်သည့် အတွက် စစ်တမ်း ကောက်ယူပါက လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ကဏ္ဍကိုပါ ထည့်သွင်း ရမည် ဖြစ်ကြောင်း ၊ ယင်း သုတေသန ပြုရာတွင် အချိန်ယူ ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ အလုပ်သမား များတွင် ရရှိနေသော အချိန်ပိုကြေး နှင့် အပို ဆုကြေးများ ထည့်သွင်း စစ်တမ်း ကောက်ယူပါက မှန်ကန်သော စစ်တမ်း ဖြစ်လာဖွယ် မရှိကြောင်း အလုပ်သမား အသိုင်းအ၀ိုင်း မှ သုံးသပ် ကြကြောင်း သိရှိရသည်။ (စိုးမိုး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger