www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 3, 2013

မြို့နယ်အဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး ၊ စာစီစာကုံး ၊ ကဗျာပြိုင်ပွဲ ကျင်းပ


မြစ်ကြီးနား ၊ ၃-၉-၂၀၁၃

အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အား ဂုဏ်ပြုသော အထိမ်းအမှတ် အဖြစ် မြို့နယ်အဆင့် ဆောင်းပါး ၊ စာစီ စာကုံး ၊ ကဗျာရေး ပြိုင်ပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြစ်ကြီးနား မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာသင်ဆောင် များ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲ၌ မြစ်ကြီးနား မြို့နယ်ရှိ ကျောင်းများမှ ဆရာ/ဆရာမ (၂၉)ဦးက '' ပညာ အရည်အသွေး မြင့်မားဖို့ ဆရာ့အရည်အချင်း မြှင့်တင်စို့ '' ခေါင်းစဉ်ဖြင့် ဆောင်းပါးအား လည်းကောင်း ၊ အထက်တန်း အလယ်တန်းကျောင်းသား ကျောင်းသူ (၁၅၁) ဦးက '' ပွင့်သစ်ပန်းကို လန်းစေသူ '' ခေါင်းစဉ်ဖြင့် စာစီစာကုံး အားလည်းကောင်း ၊ ကျောင်းသား ကျောင်းသူ (၄၂) ဦးက '' ဘဝလမ်းညွှန် ဆရာသခင် '' ခေါင်းစဉ်ဖြင့် ကဗျာတို့ အား ဝင်ရောက် ယှဉ်ပြိုင်ကြရာ မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်တိုး မှ လာရောက် ကြည့်ရှု စစ်ဆေးကာ အားပေးစကား များ ပြောကြား ခဲ့ကြောင်း သိရှိရသည်။

14 comments:

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger