www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 27, 2013

မုန်တိုင်းဝင်ရောက်နိုင်သော ဒေသများတွင် သဘာဝဘေးဒဏ်ခံ အဆောက်အအုံ ၄၁၃ လုံး တည်ဆောက်ပေးရန် လျာထား

မုန်တိုင်းဒဏ်ခံ Cyclone Shelter
ရန်ကုန် ၊ ၂၇-၈-၂၀၁၃

နာဂစ်ကဲ့သို့ ပြင်းထန်သော မုန်တိုင်းကြီးများ ဝင်ရောက် နိုင်သော ဒေသများ၌ သဘာဝဘေးဒဏ်ခံ အဆောက်အအုံ ၄၁၃ လုံး တည်ဆောက် ပေးရန် လျာထားချက် ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

တည်ဆောက်ပေးမည့် လျာထားချက် အတွင်း ပထမ ဦးစားပေး အနေဖြင့် ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲ ၊ ကျောက်ဖြူ ၊ တောင်ကုတ် ၊ သံတွဲ ၊ စစ်တွေ ၊ မောင်တော ၊ ဂွ စသည် တို့တွင် ဖြစ်ကြောင်း ၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်း၌မူ နိုင်ငံတကာ အဖွဲ့အစည်းများ ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ မုန်တိုင်းဒဏ်ခံ Cyclone Shelter ၅၆ လုံး တည်ဆောက် ပေးခဲ့ကြောင်း ၊ ထို့ကြောင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်း ၌ နောက်ထပ် တည်ဆောက်ရန် လျာထား ဘတ်ဂျက် မရှိကြောင်း သိရသည်။

'' ဘတ်ဂျက်ကို ကြည့်ပြီး ခွဲတမ်းအရ တကယ်လိုအပ်မှု ရှိတဲ့ဒေသတွေကို ဦးစားပေး လုပ်ဆောင် ရပါတယ် ၊ လက်ရှိမှာ ရခိုင်က အများကြီး လိုအပ်နေသေး တာကြောင့်ပါ ... '' ဟု ၄င်းကပြောကြား ခဲ့သည်။ ရခိုင်ပြည်နယ် ပေါက်တော ၊ ရသေ့တောင် ၊ မြေပုံ နှင့် မင်းပြားမြို့ များတွင် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၂၅၁ လုံး ၊ ရမ်းဗြဲ ၊ ကျောက်ဖြူ ၊ သံတွဲ ၊ စစ်တွေ အပါအဝင် ကျန် ခုနစ် မြို့တွင် သဘာဝ ဘေးအန္တရာယ် ခိုလှုံရာ၌ အသုံးပြုနိုင်သော သဘာဝဘေး အန္တရာယ် ဒဏ်ခံ အဆောက်အအုံ ၄၁၃ လုံး တည်ဆောက်ရန် လျာထားကြောင်း သိရသည်။


မြန်မာနိုင်ငံ အတွင်းသို့ ၂ဝဝ၆ ခုနှစ်မှ စတင်၍ ပြင်းထန်သော မုန်တိုင်းကြီး လေးလုံး ဝင်ရောက် ခဲ့ကြောင်း ၊ အများစုသည် ရခိုင်ပြည်နယ် ၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် တနင်္သာရီ တိုင်းဒေသကြီး များကို ဖြတ်သန်းလေ့ ရှိခြင်းကြောင့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ပေး ရခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger