www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 12, 2013

ခွင့်ပြု တန်ချိန်ထက် ပိုမိုတင်ဆောင်လာသည့် အဆင့်မြင့် ဓာတ်ဆီများ သိမ်းဆည်းမည်

ရန်ကုန် ၊ ၁၂-၇-၂၀၁၃

ပြည်ပ နိုင်ငံများမှ အဆင့်မြင့် ဓာတ်ဆီများ တင်သွင်းရာတွင် တရားမ၀င် တင်သွင်းလာသည့် ဓာတ်ဆီများ အပါအ၀င် သတ်မှတ် ခွင့်ပြုထားသည့် တန်ချိန်ထက် ပိုမို တင်သွင်း လာပါက သိမ်းဆည်း အရေးယူ သွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

စက်သုံးဆီ အရောင်းဆိုင် များကို ပြည်ပ နိုင်ငံများမှ အဆင့်မြင့် ဆီများ တင်သွင်းရန် အတွက် တရားဝင် လိုင်စင်များ ချထားပေး ခဲ့ပြီး လက်ရှိ တင်သွင်းထားမှု တန်ချိန်မှာလည်း တန်ချိန် ၂ သိန်း အထိ ရှိသွားပြီ ဖြစ်ကာ တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၂၁၉ ဒသမ ၁၁ သန်း ရှိပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ အဆင့်မြင့် ဓာတ်ဆီများ တင်သွင်းရာတွင် တရားမ၀င် တင်သွင်းမှု များနှင့် တင်သွင်းခွင့် လိုင်စင်ပါ သတ်မှတ် တန်ချိန်ထက် ပိုမို တင်သွင်း လာသည့် အပိုတန်ချိန် များကို နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆည်း သွားမည် ဖြစ်ပြီး ထိုကဲ့သို့ သိမ်းဆည်းမှု ကို ယခုလ မှစတင်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆင့်မြင့် ဓာတ်ဆီများ အပါအ၀င် တရားမ၀င် တင်သွင်း လာသည့် ကုန်ပစ္စည်း များကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းမည့် အစီအစဉ် ကို ရန်ကုန် ဆိပ်ကမ်းမှ စတင်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

စွမ်းအင် ၀န်ကြီးဌာန အနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိက စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် မြန်မာပြည် တစ်ဝန်းရှိ နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိက သို့ အပြီးအပိုင် ရောင်းချ လွှဲပြောင်း ပေးခဲ့ပြီး အဆိုပါ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် များကို ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ ဖွင့်လှစ် ရောင်းချ ခွင့်ပြု ခဲ့ကြောင်း သိရသည်။


ပြည်တွင်းရှိ စက်သုံးဆီ အရောင်းဆိုင် များကို ပုဂ္ဂလိက သို့ တရားဝင် ရောင်းချခွင့် ပြုခဲ့ရာတွင် ဆီခြင်တွယ်မှု မပြည့်မီခြင်း များ ဖြစ်ပေါ် ခဲ့သည့်အတွက် စက်သုံးဆီ အရောင်းဆိုင် များကို သတိပေး အရေးယူမှုများ ပြုလုပ်ပြီး ဆီခြင်တွယ် ရောင်းချသည့် စနစ်ကိုလည်း ဂါလန် စနစ်မှ လီတာ စနစ်သို့ ပြောင်းလဲ ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger