www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 3, 2013

လက်ဖက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အစုအဖွဲ့(ဗဟို) ဖွဲ့စည်းမည်


ရန်ကုန် ၊ ၃-၃-၂၀၁၃

မြန်မာနိုင်ငံ သစ်သီးဝလံ ၊ ပန်းမန် နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းသည် မြန်မာနိုင် တစ်ဝန်းလုံးရှိ လက်ဖက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချ သူများ ၊ လက်ဖက်စို / လက်ဖက်ခြောက် လုပ်ငန်း လုပ်ကိုင်သူများ ၊ ရောင်းချသူများ ၊ လက်ဖက် တောင်သူများ ၊ လက်ဖက် ပညာရှင်များ စုံညီစွာဖြင့် မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အစုအဖွဲ့(ဗဟို) ကို ၂၀၁၃ ခုနှစ် ၊ မတ်လ ဒုတိယပတ် တွင် စတင် ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အစုအဖွဲ့(ဗဟို)တွင် ပါဝင်လိုသည့် လက်ဖက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ ၊ လက်ဖက်စို / လက်ဖက်ခြောက် လုပ်ကိုင် သူများ ၊ ရောင်းချသူများ ၊ လက်ဖက် တောင်သူများ ၊ ကုန်သည် ပွဲစားများ ၊ လက်ဖက် နှင့် ပတ်သက်သည့် ပုဂ္ဂိုလ်များ အားလုံးသည် မြန်မာနိုင်ငံ သစ်သီးဝလံ ၊ ပန်းမန် နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း ၊ အမှတ်(၂၉) ၊ မင်းရဲ ကျော်စွာလမ်း ၊ ကုန်သည် စက်မှု အသင်းချုပ် ၊ ၄ လွှာ ၊ ဖုန်း ၀၁- ၂၁၈ ၃၆၇ ၊ ၀၉- ၄၃၁၂ ၇၆၅၆ တို့သို့ မတ်လ ၅ ရက် နောက်ဆုံး ထား၍ ဆက်သွယ် စာရင်း ပေးပို့ ကြရန် နှိုးဆော် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger