www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 14, 2013

စင်ကာပူ နှင့် ဘရူနိုင်း ရေတပ်တို့ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိခြင်း



၁၄-၃-၂၀၁၃

စင်ကာပူ နှင့် ဘရှုနိုင်း ရေတပ်တို့သည် စင်ကာပူ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက် ရှိသည့် Exercise Pelican အမည်ရှိ ၃၂ ကြိမ်မြောက် ရေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ကို မတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်လျက် ရှိကြောင်း စင်ကာပူ ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာ ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ Exercise Pelican ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ကို ၁၉၇၉ ခုနှစ်တွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် စစ်ရေး လေ့ကျင့်ခန်းတွင် စင်ကာပူ နိုင်ငံဘက်မှ Formidable အတန်းအစား ရေဒါရှောင်ကွင်း နိုင်သည့် ဖရီးဂိတ် စစ်သင်္ဘော RSS Tenacious နှင့် ဒုံးပျံတင် ကော်ဗက် ရေယာဉ် RSS Volour တို့ ပါဝင် လေ့ကျင့်လျက် ရှိကြောင်း နှင့် ဘရူနိုင်း နိုင်ငံဘက်မှ Darussalam အတန်းအစား ကင်းလှည့် ရေယာဉ် KDB Darulehsan နှင့် Ijhtihad အတန်းအစား အမြန်သွား ကင်းလှည့် ရေယာဉ် KDB Afiat တို့ ပါဝင် လေ့ကျင့်လျက် ရှိကြောင်း သိရသည်။



နှစ်နိုင်ငံ ရေတပ်တို့သည် စစ်သင်္ဘော တိုက်ဖျက်ရေး ၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ၊ လေကြောင်းရန် ကာကွယ်ရေး နှင့် ပင်လယ်ရေကြောင်း ဝေဟင် စစ်ဆင်ရေး ကဲ့သို့သော ရေကြောင်း စစ်ဆင်ရေး ဆိုင်ရာ သဏ္ဍာန်တူ လေ့ကျင့်ခန်း များနှင့် နည်းဗျူဟာမြောက် ဆွေးနွေး ညှိနှိုင်းခြင်းများ လေ့ကျင့် ဆောင်ရွက်လျက် ရှိသည်။ နှစ်နိုင်ငံ ရေတပ် တို့သည် အပြန်အလှန် ပုံမှန် အလည်အပတ် ခရီးများ သွားရောက်ခြင်း ၊ ကျွမ်းကျင်မှု အပြန်အလှန် ဖလှယ်ခြင်း ၊ သင်တန်းသားများ အပြန်အလှန် စေလွှတ်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ် တပ်ဖွဲ့ဝင်များ အကြား အပြန်အလှန် နားလည်မှုကို တိုးချဲ့လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger