www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 28, 2013

မြ၀တီ ရုပ်မြင်သံကြား နှစ်ပတ်လည်နေ့ နှင့် မြ၀တီစာပေတိုက် နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ



ရန်ကုန် ၊ ၂၈-၃-၂၀၁၃

၂၀၁၂ ခုနှစ်အတွက် မြ၀တီ ရသစုံ မဂ္ဂဇင်း နှင့် ငွေတာရီ မဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး စာမူ ထူးချွန်ဆု များနှင့်  မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ နှစ်ပတ်လည် ထူးချွန်ဆု ရရှိသူများ စာရင်းကို သက်ဆိုင်ရာ စိစစ်ရေး အဖွဲ့ ထုတ်ပြန် ကြေညာ လိုက်ကြောင်း သိရသည်။

မြ၀တီရသစုံမဂ္ဂဇင်း
၂၀၁၂ ခုနှစ်အတွက် မြ၀တီ ရသစုံ မဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး ကာတွန်းဆု ကို ကာတွန်း ဆွေချစ် ကလည်းကောင်း ၊ အကောင်းဆုံး ကဗျာဆု ကို မောင်စိန်းနောင် (လယ်ဝေး) ၏ " သည်းခံခြင်း " ကလည်းကောင်း ၊ အကောင်းဆုံး ဆောင်းပါးဆု ကို မောင်ခင်မင် (ဓနုဖြူ) ၏ " နားသယ်ကို နှက်လိုက်ဘိ သကဲ့သို့ " ကလည်းကောင်း ၊ အကောင်းဆုံး ၀တ္ထုတို ဆုကို မောင်လှိုင်းသစ် (ချစ်စရာမြေ) ၏ " လူတူ ငှက်တူ " ကလည်းကောင်း ၊ အကောင်းဆုံး ၀တ္ထုရှည်ဆု ကို မျိုးမြတ်မြတ် မြင့်မောင် ၏ " တစ်ဆစ်တစ်မက် ကိုယ်နှင့် သက်ကို နှင်းဆက်တိုက်မည် အားသန်ရည်၍ " ကလည်းကောင်း အသီးသီး ရရှိကြသည်။

ငွေတာရီမဂ္ဂဇင်း
၂၀၁၂ ခုနှစ်အတွက် ငွေတာရီ မဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး ကာတွန်းဆု ကို ကာတွန်း ဇွဲနေ ကလည်းကောင်း ၊ အကောင်းဆုံး ကဗျာဆုကို မြင်းမူ မောင်နိုင်မိုး ၏ " သမီးလေးရဲ့ မျက်ရည် " ကလည်းကောင်း ၊ ၀တ္ထုတိုဆု ကို ရင်မောင် (မြတ်ဆုရင်) ၏ " ပြောမသွားတော့လည်း အတွေးပဲ ပွားရတယ် " ကလည်းကောင်း ၊ အကောင်းဆုံး ၀တ္ထုရှည်ဆု ကို ခြင်ကျား (မအူပင်) ၏ " ခေါင်းစီးချင်း တူပါသော်လည်း " ကလည်းကောင်း အသီးသီး ရရှိကြသည်။

မြ၀တီရောင်စုံဓာတ်ပုံ
၂၀၁၂ ခုနှစ်အတွက် မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲတွင် အောင်ကျော်ထွန်း (ပုသိမ်ကြီး) က ပထမ ၊ ထွန်းအောင် (မြန်မာစာ) က ဒုတိယ ၊ ကိုကိုဆန်နီ ( သိ င်္ဂီရွှေရည်) က တတိယ နှင့် အထူးဆုများ အဖြစ် စောအောင်မင်း (နယူးအာရှ) ၊ အေးလွင်ဦး (ရွှေပန်းချီ - ရမည်းသင်း ) နှင့် ဇော်ဝင်း တို့က အသီးသီး ရရှိကြသည်။

ဆုရရှိသူများ အနေဖြင့် မြ၀တီ စာပေတိုက် ၊ ဖုန်း ၀၁- ၅၅၉ ၂၇၃ နှင့် မြို့တွင်း (ရုံးခွဲ) ဖုန်း ၀၁- ၃၇၁ ၂၄၄ တို့သို့ ကြိုတင် ဆက်သွယ် သတင်းပို့ကြရန် ဖြစ်ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို အမှတ်(၁) တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် ၊ မှော်ဘီ ၌ ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger