ရန်ကုန် ၊ ၁-၂-၂၀၁၃
လူမှုဝန်ထမ်း ဦးစီးဌာန ၏ စီစဉ်မှုဖြင့်
ဂျပန်နည်းပညာ စင်တီမီတာ ဖြင့် သင်ကြားပေးမည့် စက်ချုပ် သင်တန်းကို လာမည့် ဖေဖော်ဝါရီ
၉ ရက်တွင် ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် စင်တီမီတာ
ဖြင့် အင်္ကျီချုပ်နည်း ၊ အမျိုးသမီး ၀တ် ခေတ်ပေါ် ပုံစံ အမျိုးမျိုး ၊ အမျိုးသမီး ၀တ်
ရင်စေ့ ပုံစံ အမျိုးမျိုး ၊ အမျိုးသမီး ၀တ် ရင်ဖုံး ပုံစံ အမျိုးမျိုး တို့ သင်ကြား
ပေးမည် ဖြစ်ကာ သင်တန်းကို စနေ နှင့် တနင်္ဂနွေ ပိတ်ရက် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ
ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ တက်ရောက် လိုသူများ
သည် သင်တန်း လျှောက်လွှာ များကို ကျောင်းအုပ်ကြီး ၊ မသန်စွမ်း သက်ကြီး သင်တန်းကျောင်း
၊ အမှတ်(၆၅) ၊ ကျိုက်ဝိုင်း ဘုရားလမ်း ၊ မရမ်းကုန်း မြို့နယ် ၊ ရန်ကုန်မြို့ ၊ ရန်ကုန်တိုင်း
ဒေသကြီး တွင် ရယူနိုင်ပြီး အသေးစိတ် အချက်အလက် များ သိရှိလိုပါက ဖုန်း ၀၁- ၉၆၆ ၁၇၁၂
၊ ၀၉- ၇၃၀၁ ၆၂၈၈ ၊ ၀၉- ၇၃၀၇ ၄၈၅၆ ၊ ၀၉- ၄၉၃၀ ၆၄၀၇ နှင့် ၀၉- ၄၂၀၁ ၂၄၈ ၄၀ သို့တို့ စုံစမ်း
နိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment