ရန်ကုန် ၊ ၂၇-၁-၂၀၁၃
ထိုင်းနိုင်ငံ Thailand Board of Investment ( BOT ) ၏ ဦးဆောင်မှုဖြင့်
ထိုင်း စီးပွားရေး လုပ်ငန်းရှင် ၄၆ ဦး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၃ ခုနှစ်
၊ ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၆ ရက်နေ့ အထိ မြန်မာနိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီး မြှုပ်နှံမှု
တိုးမြှင့် ဆောင်ရွက် နိုင်ရေး အတွက် လာရောက် ကြမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ်
အတွင်း လယ်ယာ စိုက်ပျိုးရေး ထွက်ကုန် လုပ်ငန်း ၊ တိရစ္ဆာန် အစားအစာ လုပ်ငန်း ၊ မော်တော်ကား
နှင့် အပိုပစ္စည်း လုပ်ငန်း ၊ ဓာတုဗေဒ လုပ်ငန်း ၊ အလှကုန် လုပ်ငန်း ၊ လျှပ်စစ် ပစ္စည်း
အမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်း ၊ စားသောက် ကုန်ထုတ် လုပ်ငန်း ၊ စွမ်းအင် နှင့်
သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် လုပ်ငန်း ၊ စက်မှု စွန့်ပစ်
ပစ္စည်း သန့်စင်ရေး လုပ်ငန်း ၊ ဓာတ်ခွဲခန်း နှင့် သက်ဆိုင်သည့် ၀န်ဆောင်မှု လုပ်ငန်းများ
၊ စက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း ၊ ထုတ်ပိုးမှု လုပ်ငန်း ၊ စက္ကူ ထုတ်လုပ်သည့် လုပ်ငန်း
၊ ပိုက် နှင့် ပိုက်ဆက် လုပ်ငန်း ၊ ပလပ်စတစ် လုပ်ငန်း ၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း
၊ ရော်ဘာ လုပ်ငန်း ၊ ပိုးချည်မျှင် ထုတ်လုပ်သည့် လုပ်ငန်း ၊ အထည်ချုပ် လုပ်ငန်း ၊ ဆေးဝါး
နှင့် ဆေးရုံသုံး ပစ္စည်း လုပ်ငန်း အစရှိသော လုပ်ငန်း အမျိုးမျိုးကို အကျိုးတူ ပူးပေါင်း
ဆောင်ရွက် နိုင်ရန် နှင့် ရင်းနှီး မြှုပ်နှံရေး အခွင့် အလမ်း များကို လေ့လာသိရှိ နိုင်ရန်
အတွက် မြန်မာ စီးပွားရေး လုပ်ငန်းရှင် များနှင့် ဖေဖော်ဝါရီ ၅ ရက် (အင်္ဂါနေ့) မွန်းလွဲ
၂ နာရီတွင် ရန်ကုန်မြို့ ၊ နတ်မောက် လမ်းရှိ Chatrium Hotel ၌ တွေ့ဆုံ ဆွေးနွေး ကြမည်
ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment