ရန်ကုန် ၊ ၂၉-၁-၂၀၁၃
နိုင်ငံ ၆ နိုင်ငံမှ နောက်ဆုံးပေါ် စိုက်ပျိုးရေး
နည်းပညာ နှင့် လယ်ယာသုံး စက်ပစ္စည်းများ ပြသရောင်းချ သွားမည် ဖြစ်သည့် မြန်မာ့ ဆန်စက်
နှင့် လယ်ယာ ထွက်ကုန် တန်ဖိုးမြင့် စက်ကိရိယာ ပြပွဲကို ၂၀၁၃ ခုနှစ် မတ်လ ၂ ရက်မှ ၅
ရက်အထိ Myanmar Converntion Center ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူ
လယ်သမား အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရသည်။
ယင်းပြပွဲ ပြသရန် Row A , Row B နှင့်
Outdoor ဟူ၍ ဈေးနှုန်း ခွဲခြား ထားကြောင်း ၊ Row A ကို အမေရိကန် ဒေါ်လာ ၁၂၀၀ ၊ Row
B ကို အမေရိကန် ဒေါ်လာ ၅၀၀ နှင့် Outdoor ကို အမေရိကန် ဒေါ်လာ ၁၂၀၀ သတ်မှတ် ထားကြောင်း
၊ ပါဝင် ပြသမည့် ကုမ္ပဏီ များသည် ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံး စာရင်း
ပေးသွင်းပြီး တစ်ပါတည်း ငွေချေရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် အိန္ဒိယ ၊ ဂျပန် ၊
တောင်ကိုရီးယား ၊ တရုတ် ၊ မလေးရှား ၊ ထိုင်း နှင့် အစ္စရေး နိုင်ငံ များက ၄င်းတို့၏
နောက်ဆုံးပေါ် စက်ပစ္စည်း များကို ပါဝင် ပြသ သွားမည် ဖြစ်ပြီး ပြပွဲကို အပြည်ပြည် ဆိုင်ရာ
စိုက်ပျိုးရေး နှင့် စားသောက်ကုန် လုပ်ငန်းများမှ ကိုယ်စားလှယ် အများအပြား သည်လည်း
တက်ရောက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment