www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 3, 2013

အဆင့်မြင့် ရေကူးသင်တန်းဖွင့်မည်

အဆင့်မြင့် ရေကူးသင်တန်းဖွင့်မည် ဇန်န၀ါရီ(၃)ရက်နေု့မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ ကြီးမှူး၍ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ အမျိုးသား ရေကူးကန်၌ အဆင့်မြင့် ရေကူးသင်တန်းကို ၂၀၁၃ ဇန်န၀ါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ဖွင့်လှစ် သွားမည် ဖြစ်သည်။ သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေ ရက်များမှ အပ တနင်္လာနေ့မှ သောကြာနေ့ အထိ နံနက်ပိုင်း သင်တန်းကို နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီ အထိ လည်းကောင်း၊ ညနေပိုင်း သင်တန်းကို ညနေ ၄ နာရီမှ ၆ နာရီ အထိ လည်းကောင်း ဖွင့်လှစ် သင်ကြား ပေးမည် ဖြစ်သည်။ သင်တန်းတွင် ၀ါရင့် ကျွမ်းကျင် နည်းပြ ဆရာ၊ ဆရာမ များမှ သင်တန်းသားများအား အခြေခံမှစ၍ အတတ် သင်ကြားပေးမည် ဖြစ်ရာ မည်သူမဆို အသက် ကန့်သတ်ချက်မရှိ အထက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ သင်တန်းကို ရွေးချယ် တက်ရောက်နိုင်ကြောင်း သိရသည်။ သင်တန်းဝင်ကြေးမှ တစ်ဦးလျှင် ကျပ် ၄၀၀၀၀ ဖြစ်ပြီး မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် (အမျိုးသားရေကူးကန်ဝင်း) ဖုန်း ၀၁၃၇၈၅၅၀ သို့ ဆက်သွယ် စုံစမ်းပြီး စာရင်းသွင်း တက်ရောက် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger