www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 9, 2013

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပမည် ဇန်န၀ါရီလ(၉)ရက်နေ့ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေးပွဲ ၂၀၁၃ ကို ဇန်န၀ါရီလ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အကြောင်း ဆွေးနွေးမည့် အပြင် အလုပ်ရုံ ဆွေးနွေးပွဲများ ကိုပါ ထည့်သွင်း ကျင်းပမည် ဟု သိရှိရသည်။ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ သတ္တုတွင်းထွက် စိုက်ပျိုးရေးကဏ္ဍ များ အပါအ၀င် ကဏ္ဍစုံတွင် မြှုပ်နှံနိုင်မည့် အနေအထားများ၊ အခွင့်အလမ်း သစ်များ အဖြစ် ရှိနေသည့် ဓာတုနှင့် ပလပ်စတစ် လုပ်ငန်း၊ အများပြည်သူ ၀န်ဆောင်မှု ပေးသည့် လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများ အကြောင်း ကိုလည်း ဆွေးနွေးမည်ဟု သိရှိရသည်။ ထို့အပြင် BOT စနစ်ဆိုင်ရာများ အကြောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍများ အကြောင်း ရှင်းလင်းမည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger