www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 30, 2012

The Most Amazing Yangon Exhibition and Car Show ဖွင့်ပွဲကျင်းပ




ရန်ကုန် ၊ ၃၀-၁၁-၂၀၁၂

Creation Strength Co., Ltd မှ ကြီးမှူး ပြုလုပ်သည့် The Most Amazing Yangon Exhibition and Car Show ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး စီမံကိန်း နှင့် စီးပွားရေး ၀န်ကြီး ၊ Creation Strength Co., Ltd ဥက္ကဋ္ဌ ၊ မန်နေဂျင်း ဒါရိုက်တာ ၊ ကမ္ဘောဇဘဏ် လီမိတက် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ နှင့် ရတနာမြိုင် ဆောက်လုပ်ရေး ဥက္ကဋ္ဌ တို့က ပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
 

ပြပွဲတွင် ကုမ္ပဏီ ၅၀ ကျော်မှ မော်ဒယ်လ်မြင့် ကားများ ၊ အိုင်တီ နှင့် ဆက်စပ် ပစ္စည်းများ ၊ အီလက် ထရောနစ် ပစ္စည်းများ ၊ အ၀တ် အထည်များ ၊ လူသုံးကုန် ပစ္စည်းများ ၊ စားသောက်ကုန် များ ၊ ပရိဘောဂ ပစ္စည်းများ ၊ ရတနာ ပစ္စည်းများ ၊ အိမ်ရာ အရောင်း ပြခန်းများနှင့် ဆောက်လုပ်ရေး ပစ္စည်းများ အား ပြခန်းပေါင်း ၂၂၀ ကျော်မှ ပါဝင် ပြသထားပြီး နိုဝင်ဘာ ၂၉ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့ အထိ နေ့ စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ခင်းကျင်း ပြသထားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger