ပေါင် ၊ ၂၂-၁၁-၂၀၁၂
ကျေးလက် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး
နှင့် ဆင်းရဲမှု လျော့ချရေး အတွက် မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ လယ်ယာ စိုက်ပျိုးရေး
ဝန်ကြီးဌာန ၊ စက်မှု သီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန နှင့် ပေါင်မြို့နယ် ရော်ဘာ စိုက်ပျိုး
ထုတ်လုပ် သူများအသင်းတို့ ပူးပေါင်း ဖွင့်လှစ်သော ရော်ဘာ မျိုးခွဲခြားခြင်း နှင့်
အဆင့်မြင့် ရော်ဘာ ထုတ်လုပ်ခြင်း ပညာပေး သင်တန်း ဆင်းပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့ နံနက်
၉ နာရီတွင် စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန (နှစ်ရှည်)ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စက်မှုသီးနှံ ဖွံ့ဖြိုးရေး
ဦးစီးဌာန ၊ ပြည်နယ် ဒုတိယ ညွှန်ကြားရေးမှူး က သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပေါင်မြို့နယ်
ခေတ္တ အုပ်ချုပ်ရေးမှူးက သင်တန်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပေါင်မြို့နယ် ရော်ဘာ စိုက်ပျိုး ထုတ်လုပ် သူများအသင်းမှ အတွင်းရေးမှူး ဦးဘုန်းမြင့်
က ကျေးဇူးတင် စကားပြောကြားပြီး သင်တန်းသား (၄၈) ဦးအတွက် သင်တန်း ဆင်းလက်မှတ် များကို မွန်ပြည်နယ် ၊ စက်မှုသီနှံ ဖွံ့ဖြိုးရေး
ဦးစီးဌာန ၊ ပြည်နယ် ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပေးအပ် ချီးမြှင့် ခဲ့ကြောင်း
သိရှိရသည်။
No comments:
Post a Comment