ရန်ကုန် ၊ ၁၆-၁၁-၂၀၁၂
၂၀၁၂ ခုနှစ် ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ
ဉာဏ်ရည် မမီသူများ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁၅-၁၁-၂၀၁၂ ရက်နေ့ နံနက်
၈ နာရီက ရန်ကုန်မြို့ ၊ အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန် ၊ မန္တလေး
၊ ပဲခူး ၊ ဧရာဝတီ နှင့် ရှမ်းပြည်နယ် တို့မှ ဉာဏ်ရည် မမီသူ အားကစား သမား (၅၀၀) ကျော်ခန့်
ပါဝင် ယှဉ်ပြိုင်ကြပြီး မီတာ (၅၀) ၊ မီတာ (၁၀၀) ၊ မီတာ (၂၀၀) အပြေး ပြိုင်ပွဲ ၊ လမ်းလျှောက်
၊ အလျားခုန် ၊ ဆော့ဖ်ဘောပစ် နှင့် ဘိုချီ ဘောလုံးလှိမ့် အားကစား နည်းများ ပါဝင် ယှဉ်ပြိုင်
ကြမည် ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဉာဏ်ရည် မမီသူများ အားကစား အဖွဲ့ချုပ်
၊ မြန်မာနိုင်ငံ မသန်စွမ်း သူများ အားကစား အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြိုင်ပွဲအား
ဖွင့်လှစ် ပေးခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment