www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 22, 2012

အာဆီယံ ကားမောင်းပြိုင်ပွဲ မြ၀တီ နှင့် ကော့ကရိတ် မြို့များဖြတ်သန်းမည်



ရန်ကုန် ၊ ၂၂-၁၁-၂၀၁၂

နိုင်ငံပေါင်း ၈ နိုင်ငံခန့် ဖြတ်သန်း မောင်းနှင်မည့် အာဆီယံ ကားမောင်းပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားမောင်းပြိုင်ပွဲ မှာ အင်ဒိုနီးရှား နိုင်ငံ ၊ ဂျကာတာ မြို့မှစတင်ပြီး စင်ကာပူ ၊ မလေးရှား ၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ လာအို ၊ ထိုင်း နှင့် မြန်မာနိုင်ငံ တို့ကို ဖြတ်သန်း မောင်းနှင်မည် ဖြစ်ရာ ဒီဇင်ဘာ ၁၁ ရက်တွင် မြ၀တီ မြို့နှင့် ကော့ကရိတ် ကို ဖြတ်သန်းပြီး ဘားအံမြို့တွင် ညအိပ် ရပ်နား မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြတ်သန်းမည့် လေးညအိပ် ငါးရက် စရီးစဉ်တွင် ၁၄၅၀ ကီလိုမီတာ ဖြတ် သန်း မောင်းနှင်မည် ဖြစ်သည်။

ကရင်ပြည်နယ် အတွင်း ဖြတ်သန်း မောင်းနှင်မည့် ရက်မှာ မြ၀တီမြို့ ထိုင်း - မြန်မာ ချစ်ကြည်ရေး တံတားပေါ်သို့ ဒီဇင်ဘာ ၁၁ ရက်ရောက်မည် ဖြစ်ရာ ကရင်ပြည်နယ် အစိုးရက ဦးဆောင် ကာ ဒေသ ခံ ပြည်သူများ ၊ ကျောင်းသား ကျောင်းသူများက အာဆီယံ ၁၀ နိုင်ငံ အလံများ ဝှေ့ယမ်း ကြိုဆို ကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger