www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2012

အမျိုးသားပြတိုက်(ရန်ကုန်) အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်




ရန်ကုန် ၊ ၁၅-၁၀-၂၀၁၂

အမျိုးသားပြတိုက်(ရန်ကုန်) ၏ ခင်းကျင်းပြသမှု များကို အခြားနိုင်ငံများ၏ အမျိုးသားပြတိုက် များကဲ့သို့ နိုင်ငံတကာစံနှုန်း နှင့် ကိုက်ညီသော နိုင်ငံတကာ အဆင့် ပြတိုက် ဖြစ်လာစေ ရန် နှင့် ခေတ်မီ ဆွဲဆောင်မှု ရှိသော ၊ ထိန်းသိမ်းမှု နည်းစနစ် မှန်ကန်သော ပြတိုက် ဖြစ်လာစေရန် ရည်ရွယ်၍ ပြတိုက် ဒီဇိုင်းနှင့် ခင်းကျင်းပြသမှု ဆိုင်ရာ ပညာရှင်များ ၊ ဗိသုကာ ပညာရှင်များ ၊ ပြတိုက် ပညာပေးရေး ဆိုင်ရာ ကျွမ်းကျင်သူများ စသည့် ပညာရှင်များ သာမက ပြတိုက် နှင့် ပြခန်း ခင်းကျင်းမှု အကြောင်း လေ့လာသူများ ၊ စာနယ်ဇင်းများ ပူးပေါင်း ပါဝင် ဆွေးနွေးနိုင်မည့် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလ အတွင်း ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေးလိုသူများ အနေဖြင့် အကြံပြု စာတမ်းများကို နိုဝင်ဘာ ၇ ရက် နောက်ဆုံးထား၍ အမျိုးသားပြတိုက် (ရန်ကုန်) ညွှန်ကြားရေးမှူး ထံ ပေးပို့နိုင်ကြောင်း ၊ အလုပ်ရုံ ဆွေးနွေးပွဲ မှ ရလဒ်များအပေါ် မူတည်၍ အမျိုးသားပြတိုက် (ရန်ကုန်) ကို ပြန်လည် ခင်းကျင်းခြင်း နှင့် အဆင့်မြှင့်တင်ခြင်း များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger