ရန်ကုန် ၊ ၁၅-၁၀-၂၀၁၂
နိုင်ငံတကာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်
( International Trade Union Confederation ) က မြန်မာ အလုပ်သမား သမဂ္ဂများ ဖွံ့ဖြိုးလာစေရေး
လိုအပ်သည့် အကူအညီများ ပေးရန် မြန်မာနိုင်ငံတွင် ရုံးခန်း လာရောက် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း
အလုပ်သမား သမဂ္ဂ အသိုင်းအ၀ိုင်းမှ သိရသည်။
နိုင်ငံတကာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ( International Trade Union Confederation ) သည်
နိုင်ငံပေါင်း ၁၅၃ နိုင်ငံရှိ အလုပ်သမားပေါင်း ၁၇၅ သန်းကို ကိုယ်စားပြုပြီး ၃၀၈ နိုင်ငံတွင်
ချိတ်ဆက် ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ အလုပ်သမား
အဖွဲ့အစည်းများတွင် မှတ်ပုံတင် ရရှိပြီးသည့် အဖွဲ့များ ရှိသကဲ့သို့ မှတ်ပုံတင် မထားသည့်
အဖွဲ့အစည်းများလည်း ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment