ရန်ကုန် ၊ ၁၅-၁၀-၂၀၁၂
ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းရှိ
ဘူတာရုံများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း ပြန်လည်ပြုပြင် မွမ်းမံသွားမည် ဖြစ်ကြောင်း
မြန်မာ့မီးရထား အင်ဂျင်နီယာဌာနမှ သိရသည်။
ပြန်လည်ပြုပြင်ရန် လိုအပ်သည့် ဘူတာများမှာ
ခရီးသည် အများဆုံး အသုံးပြုနေသော ရန်ကုန်ဘူတာ ၊ ကြို့ကုန်းဘူတာရုံ ၊ ရွာမဘူတာရုံ ၊
မင်္ဂလာဒုံဈေး ဘူတာရုံ ၊ တာမွေဘူတာရုံ ၊ မလွှကုန်း ဘူတာရုံ ၊ ပုဇွန်တောင် ဘူတာရုံ ၊ သင်္ဃန်းကျွန်း
ဘူတာရုံတို့အား ဦးစားပေး မွမ်းမံပြုပြင် ရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပတ် ရထားလမ်းရှိ ဘူတာရုံများ
သန့်ရှင်းသပ်ရပ် ရေးနှင့် နိုင်ငံခြားသားများ အမြင်တင့်တယ်ရေး အတွက် ပြုပြင်ရန် လိုအပ်လျက်
ရှိကြောင်း ၊ အထူးသဖြင့် ခရီးသည် နားနေဆောင်များ ထိုင်ခုံများ ကောင်းမွန်ရန် လိုအပ်ကြောင်း
၊ ဘူတာရုံ ပြုပြင်ခြင်း လုပ်ငန်းများကို ကုမ္ပဏီများအား လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားလုပ်ငန်းသည် ရန်ကုန်တိုင်း
ဒေသကြီး အတွင်းရှိ ၀န်ထမ်းများ ၊ ကျောင်းသား ကျောင်းသူများ ၊ အလုပ်သမားများ သွားလာရေး
အဆင်ပြေ စေရန်အတွက် မြို့ပတ် ရထားများ ပြေးဆွဲပေးလျက် ရှိရာ အကုန်အကျ သက်သာစွာဖြင့်
သွားလာနိုင်ကြသဖြင့် အများစု အားထားနေရကြောင်း သိရှိရသည်။
No comments:
Post a Comment