www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2019

HERO GOLD CUP အိန္ဒိယဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း ပြန်လည်ရောက်ရှိ

Hero Gold Cup အိန္ဒိယဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့်  မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း ပြန်လည်ရောက်ရှိ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၇
-
အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကကြီးမှူး၍ ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိကျင်းပခဲ့သည့် ၂ဝ၁၉ Hero Gold Cup အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆု ရခဲ့သည့် အောင်ပွဲရမြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီး ဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ဒုတိယ ဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင်၊မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များ၊ သက်တမ်း အလိုက် လူငယ်လက်ရွေးစင် အသင်းများမှ နည်းပြများနှင့်ကစားသမားများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။
-
မြန်မာအမျိုးသမီး အသင်းသည် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပြီး နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကဂုဏ်ပြုအမှာစကားပြောကြားရာတွင် ''မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေနဲ့ အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲမှာ ချန်ပီယံ ဆုရခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုပါတယ်။ အခုပြိုင်ပွဲမှာ အောင်မြင်မှု ရခဲ့သလိုလာမယ့်အာဆီယံအဆင့်၊ အာရှအဆင့်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေ ရအောင် ကြိုးစား စေချင်ပါ တယ်''ဟု ထည့်သွင်း ပြောကြားခဲ့သည်။
-
ယင်းနောက် အောင်ပွဲရ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင် ကိုဝင်း (နာယက KBZ Bank ) က ငွေကျပ်သိန်း ၂ဝဝ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဦးဇော်ဇော် (ဥက္ကဋ္ဌ၊ AYA Bank) က ငွေကျပ်သိန်း ၂ဝဝ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ငွေကျပ်သိန်း၁ဝဝ၊ ဦးထွန်းနှင့်မမို့(Poe Poe Car  Company) က ငွေကျပ်သိန်း ၅ဝ စုစုပေါင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်း  ၅၅ဝ ပေးအပ်သည်။
-
-
မြန်မာ အမျိုးသမီး အသင်းသည် ယင်း ပြိုင်ပွဲတွင် အုပ်စုပွဲများ၌ နီပေါအသင်းကို ၃ ဂိုး ဂိုးမရှိ၊ အီရန်အသင်းကို ၂ ဂိုး ဂိုးမရှိ၊အိန္ဒိယအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတွင် နီပေါအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရကာ ချန်ပီယံဆု ရယူ နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် ယင်းပြိုင်ပွဲ၏ ချန်ပီယံဆု အပြင် အသန့်ရှင်းဆုံး အသင်းဆုကိုပါ ရရှိခဲ့ပြီး တစ်ဦးချင်း ဆုများ အဖြစ် အကောင်းဆုံး ဂိုးသမားဆုကိုဇာဇာမြင့်၊ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး ကစားသမားဆုကို ဝင်းသိဂီ ထွန်း၊ သွင်းဂိုး အများဆုံးဆုကို ရီရီဦး (နီပေါ ကစားသမားနှင့် ပူးတွဲ) တို့ကရရှိခဲ့သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger