-
နေပြည်တော် ဖေဖော်ဝါရီ ၂၄
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အနီးရှိနတ်မြစ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၃ ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၁၆ ဒသမ ၇ မိုင်ခန့်အကွာသို့ အရောက်၌တစ်ဖက်နိုင်ငံဘက်သို့အထုပ်များနှင့်အတူ ရေကူးသွားနေသူ သုံးဦးအား တွေ့ရှိသဖြင့်ဖမ်းဆီးရာ မိုဟာမတ်အာလီ(ဘ) ဦးဂိုရာမြားအပါအဝင်သုံးဦးအား WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅၂၅ဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၉ဝဝဝ ကျော်)တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါဖမ်းဆီးရမိသူများ၊ သိမ်းဆည်းရမိ လှေနှင့် စိတ်ကြွရူးသွပ် ဆေးပြားများအား မောင်တောမြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment