www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 27, 2019

ရထားခရီးစဉ်တချို့ ရပ်နားပြီး ခရီးသည် တိုးလာသည့် လမ်းပိုင်းများတွင် တိုးချဲ့ပြေးဆွဲ

ရထားခရီးစဉ်တချို့ ရပ်နားပြီး ခရီးသည် တိုးလာသည့် လမ်းပိုင်းများတွင် တိုးချဲ့ပြေးဆွဲ
-
ရန်ကုန်  ဖေဖော်ဝါရီ   ၂၆ 
-
မြန်မာ့မီးရထား အနေဖြင့် လူစီးနည်းပြီး စီးပွားရေး တွက်ခြေမကိုက်သည့်ရထား ခရီးစဉ်တချို့ ရပ်နားထားပြီး ခရီးသည်စီးနင်းမှုများပြားသည့်လမ်းပိုင်းများ၌တိုးချဲ့ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထား ဒုတိယအထွေထွေ မန်နေဂျာ ဦးအောင်သူလတ်၏ပြောပြချက်အရသိရသည်။ လက်ရှိတွင် ရထားစီးခရီးသည်များသည် ခရီးစဉ်တချို့၌ လိုက်ပါစီးနင်းမှု နည်းပါးလာသည့် အတွက် တွက်ခြေမကိုက်သော ရထား ၃၆ စင်းကို ဖျက်သိမ်းခဲ့ရကြောင်းသိရသည်။ 
-
''ကားလမ်းဘက်တွေက ခရိုင်ချင်းဆက် လမ်းတွေပြုလုပ်နေတာ ဖွံ့ဖြိုးလာတဲ့ အတွက် ရထားစီးတာ နည်းသွားကြတယ်။ဒါ့ပြင်ကားလမ်းဆက်သွယ်ရေးလမ်းကြောင်းတွေ ရင်ကထက်ပိုပြီးကောင်းမွန်လာတယ်။ ဒီတော့ ဒေသခံတွေက ရထားထက်ကားကို ပိုစီးလာကြတယ်'' ဟု ဦးအောင်သူလတ် ကပြောသည်။ 
-
လက်ရှိတွင် ခရီးသည်များလာသည့် လမ်းဘူတာများကို  ထပ်မံတိုးချဲ့ပြေးဆွဲပေးနေကြောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းကို ပြေးဆွဲနေသည့် လမ်းဘူတာရှိဘူတာငယ်များမှအဆိုပါ ရထားကို စောင့်စီးရခြင်းသည်အဆင်မပြေသဖြင့်စီးနင်းသည့်ခရီးသည်များပြီး ဝင်ငွေတိုးသောကြောင့်ထပ်မံတိုးချဲ့ ပြေးဆွဲပေးရခြင်းဖြစ်ကြောင်းသိရသည်။ 
-
တစ်နိုင်ငံလုံး အတိုင်းအတာအရ ရထားစီးခရီးသည် လျော့နည်းလာသော်လည်းလမ်းပိုင်းအလိုက်  မန္တလေး - မြစ်ကြီးနားလမ်းပိုင်းသည် ခရီးသည်တိုးတက်လာသည့်အတွက် ရထားများတိုးချဲ့ပြေးဆွဲခဲ့ရကြောင်း၊ ခရီးသည် စီးနင်းမှု လျော့နည်းသွားသည့်လမ်းပိုင်းများမှာ လားရှိုးလမ်းပိုင်း၊ မော်လမြိုင်လမ်းပိုင်းတို့ ဖြစ်ကြောင်း သိရသည်။ မြန်မာ့မီးရထား အနေဖြင့် အမြန်ရထား ၁ဝ စင်း၊ စာပို့ရထား ၁၂ စင်း၊ လူစီးကုန်တင်ရထား ခြောက်စင်း၊ ခရီးတို ရှစ်စင်း စုစုပေါင်း ၃၆ စင်းကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။                     
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger