www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2019

ကွမ်းသီးပင် ကျေးရွာဟောင်းအနီး လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသော ဒိုင်းနက်လူမျိုး သုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိ

ကွမ်းသီးပင် ကျေးရွာဟောင်းအနီး လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသော ဒိုင်းနက်လူမျိုး သုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၇ 
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သင်္ဘောလှကျေးရွာနေ ဒိုင်းနက်လူမျိုးများ ဖြစ်သည့် ဦးလှထွန်း အောင်(ဘ)ဦးထွီးလှဦး၊ ဦးချစ်ထွန်း(ဘ) ဦးမောင်ဘဦးနှင့် ဦးမောင်စိန်ထွန်း(ဘ)ဦးခေါင်အေကေတို့ သုံးဦးသည် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် ကဏန်းရှာရန် အတွက် ကွမ်းသီးပင် ကျေးရွာဟောင်းသို့ သွားရောက်ခဲ့ရာ ည ၁ဝ နာရီခန့်အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စိန်ထွန်း ၏ သတင်းပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၆ ရက်တွင်   ရွာသားများနှင့် ပူးပေါင်း၍ သွားရောက်ရှာဖွေမှုများ ဆောင်ရွက်ခဲ့သည်။
-
ထိုသို့ဆောင်ရွက်ခဲ့ရာမွန်းတည့် ၁၂ နာရီခန့်တွင် ကွမ်းသီးပင် ကျေးရွာဟောင်း၏ အရှေ့ဘက်မီတာ ၁ဝဝဝ ခန့်အကွာတွင်မသင်္ကာဖွယ် မြေကျင်းအသစ်အားတွေ့ရှိရသဖြင့် မောင်တောမြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ မြို့နယ်တရားသူကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဖြင့် တူးဖော်ခဲ့ရာ    ပျောက်ဆုံးနေသည့် ဒိုင်းနက်လူမျိုး သုံးဦး၏ ရုပ်အလောင်းများအား လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် တောင်ပြိုယာ နယ်မြေရဲစခန်း၌ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။         
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger