www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 29, 2019

အင်းစိန်ဆေးဝါးစက်ရုံ BPI မှ ဆေးအမျိုးပေါင်း ၁၆ဝ ခန့် ပြုပြင်ပြောင်းလဲ ထုတ်လုပ်

အင်းစိန်ဆေးဝါးစက်ရုံ BPI မှ ဆေးအမျိုးပေါင်း ၁၆ဝ ခန့် ပြုပြင်ပြောင်းလဲ ထုတ်လုပ်
-
ရန်ကုန် ဇန်နဝါရီ ၂၈ 
-
စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းနှင့် အင်းစိန်ဆေးဝါးစက်ရုံ BPI တို့ ပူးပေါင်း၍ ဆေးအမျိုးပေါင်း ၁၆ဝ ခန့်ကို ပြုပြင်ပြောင်းလဲ ထုတ်လုပ်ကာ ဈေးကွက်သို့ ပြန်လည်ထိုးဖောက် ရောင်းချလျက်ရှိကြောင်း အင်းစိန်ဆေးဝါးစက်ရုံ BPI အထွေထွေ မန်နေဂျာ ဒေါက်တာအောင်ဇော်ထံမှ သိရသည်။ 
-
ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက် ရှိသည့် စက်မှုနှင့်နည်းပညာပြပွဲတွင် BPI မှ ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားသည့် ဆေးဝါးများ ပါဝင်ပြသ ရောင်းချ လျက်ရှိသည်။ ''ဒီပြပွဲမှာ BPI အနေနဲ့ ဆေးအမျိုးပေါင်း ၁၆ဝ လောက်ကို အသစ်ပြုပြင် ပြောင်းလဲ ထုတ်လုပ်ထားပါတယ်။ ဒီပြပွဲမှာ ဆေးတွေ အားလုံးကို ပြသထားပါတယ်''ဟု ဒေါက်တာအောင်ဇော်က ပြောသည်။ 
-
အဆိုပါ ဆေးဝါးများထဲတွင် ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းရောင်၊ သွေးတိုးနှင့် ထိခိုက်ရှနာ၊ မျက်စဉ်း၊ အရေးပေါ်ခွဲစိတ်ကိရိယာများ ပါဝင်သော ဆေးဝါး ၄၁ မျိုး ပါဝင်သည့် ရှေးဦးသူနာပြုအိတ်ကို မြန်မာစာဖြင့် ဖော်ပြထားသော ကျန်းမာရေး အသိပညာပေး စာစောင် ထည့်သွင်းထားကြောင်း သိရသည်။ 
-
ထို့ပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အဓိကထား ဆောင်ရွက်ပေး လျက်ရှိသည့် လက်မှတစ်ဆင့် ကူးစက်စေ နိုင်သော ရောဂါများမဖြစ်ပွားစေရန် လက်သန့် ဆေးရည်အသစ်ထုတ်လုပ်ထားကြောင်း နှင့် ဆေးဝါးဈေးကွက်တွင် အားနည်းချက် ဖြစ်သည့် ထုပ်ပိုးမှုကို ပြုပြင်ကာ အားသာချက် ဖြစ်အောင် မွမ်းမံထားပြီး အာနိသင်ပိုင်းကို အဓိက ထိန်းချုပ်ခြင်းဖြင့်ပြုပြင်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းသိရသည်။ ''BPI က အရင်လိုမဟုတ်တော့ဘူး။ ပြုပြင်မှုတွေနဲ့အတူ ပြန်လည် ထိုးဖောက်လာပြီ ဆိုတာ ပြသထားပါတယ်။ အားနည်းချက်ကို ပြင်ပြီးအားသာချက်ကို အရည်အသွေးပိုင်းနဲ့ ထိန်းချုပ်ပြီး ပြန်လည်ထိုးဖောက်နေပါတယ်။ BPI ဆေးဝါးတွေကို စက်ရုံထုတ်ဈေးနဲ့ ဝယ်မယ်ဆိုရင် ဒီပြပွဲမှာ လာဝယ်လို့ ရပါတယ်။ အစိုးရ စက်ရုံဖြစ်တဲ့အတွက်လည်း စက်မှုဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းချပေးပါတယ်'' ဟု ဒေါက်တာအောင်ဇော်က ပြောသည်။ BPI ဆေးအရောင်းဆိုင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ၂၈ ဆိုင်၊ ရန်ကုန် မြို့၌ ငါးဆိုင်၊ မန္တလေးမြို့၌ ငါးဆိုင် စုစုပေါင်းဆိုင် ၃ဝ ကျော် ဖွင့်လှစ်ရောင်းချ လျက်ရှိကြောင်း သိရသည်။ 
-
ဇွန်သီတာ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger