www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 29, 2019

ခရီးသည်တင် မော်တော်ယာဉ်ပေါ်၌ လိုက်ပါလာသူ ခြောက်ဦးထံမှ ငွေကျပ်သိန်းပေါင်း ငါးထောင်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ခရီးသည်တင် မော်တော်ယာဉ်ပေါ်၌ လိုက်ပါလာသူ ခြောက်ဦးထံမှ ငွေကျပ်သိန်းပေါင်း ငါးထောင်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော် ဇန်နဝါရီ  ၂၈ 
-
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး ဂိတ်၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၇ ရက် ည ၁ဝ နာရီ၄၅ မိနစ်ခန့်တွင်လားရှိုးမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသော ရွှေလားရှိုးခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် စိုင်းထွန်းဦး(ဘ)ဦးဇော်ဝင်းနိုင်၊ နန်းလူစိန်(ဘ) ဦးပီပေါက်၊ နန်းစံစိန်(ဘ)ဦးစိုင်းမွန်း၊ နန်းဆိုင်ရွှေ(ဘ)ဦးစိုင်းဆန်၊ စိုင်းဆွေဟန်(ဘ) ဦးအိုက်အမ်နှင့် စိုင်းဆွေဦး(ဘ) ဦးစိုင်းရှီလီတို့ခြောက်ဦး သယ်ဆောင်လာသော ပီနံအိတ်များအတွင်းမှWY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၅ဝဝဝ)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား အုန်းချောရဲစခန်းမှ တရားဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိပြီး မူးယစ်ဆေးဝါးများနှင့် ပတ်သက်သူအားဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger