www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2019

ကျောက်ဆည်မြို့၊ အထက်ဆည်ပြုပြင်ခြင်း လုပ်ငန်း၌ မြေတူးဖော်ရာမှ ဗုံးသီးဟောင်း နှစ်လုံးတွေ့ရှိ

ကျောက်ဆည်မြို့၊ အထက်ဆည်ပြုပြင်ခြင်း လုပ်ငန်း၌ မြေတူးဖော်ရာမှ ဗုံးသီးဟောင်း နှစ်လုံးတွေ့ရှိ
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထက်ဆည်ပြုပြင်ခြင်း လုပ်ငန်းခွင်၌ ဘက်ဟိုးယာဉ်မောင်း ဦးမောင်မော်ကျော်သည် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် ဘက်ဟိုးယာဉ်ဖြင့် မြေတူးဖော်စဉ် အနက် ၁ဝ ပေခန့် အရောက်၌ ဗုံးသီးဟောင်းများ တွေ့ရှိကြောင်း  ကျောက်ဆည်မြို့မရဲစခန်းသို့ အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးရာ အလျား ၁၅ လက်မ၊ လုံးပတ် ၅ လက်မခန့်ရှိ ဗုံးသီးဟောင်း တစ်လုံးနှင့် အလျား ၂၃ လက်မ၊ လုံးပတ် ၁၅ လက်မခန့်ရှိ ဗုံးသီးဟောင်း(ဒလက်ပါ) တစ်လုံးတို့ကို တွေ့ရှိခဲ့သည်။ 
-
အဆိုပါ ဗုံးသီးဟောင်းများကို နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။     
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger