www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

ဘားအံမြို့နယ် ကမော့ကပိုကျေးရွာ၌ ကရင်ရိုးရာနှစ်သစ်ကူး ပွဲတော်နှင့် ကောက်သစ်စားပွဲတော် ကျင်းပ


ဘားအံမြို့နယ် ကမော့ကပိုကျေးရွာ၌ ကရင်ရိုးရာနှစ်သစ်ကူး ပွဲတော်နှင့် ကောက်သစ်စားပွဲတော် ကျင်းပ
-
ဘားအံ   ဇန်နဝါရီ   ၆ 
-
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ  ကမော့ကပိုကျေးရွာ၌ (၃) ကြိမ်မြောက် ကရင်ရိုးရာ နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲ တော်ကို ယနေ့တွင်ကျင်းပရာ ကျေးရွာပေါင်း ၃ဝ ကျော်မှ ဒေသခံများတက်ရောက်ကြသည်။ အဆိုပါပွဲတော်ကို ဆန်ရေစပါးပေါများစေရန်နှင့် နယ်ဝေးရောက်ရှိ နေသူများ ပြန်လည်ဆုံစည်းနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။ 
-
''မနက်ပိုင်းမှာ   အလံတင် အခမ်းအနား ကျင်းပပြီး ကောက်သစ်စားပွဲတော်ကို ဆက်ပြီး ကျင်းပပါတယ်။ ဒီရွာမှာ သုံးကြိမ်မြောက် ကျင်းပတာပါ'' ဟု   ရှေ့မူလ  ကရင်စာပေ အသင်းလိုက်ခွေါင်ကော်မှ အကြံပေးနှင့် အတိုင်ပင်ခံ ဦးစောမောင်ကြီး ကပြောသည်။ ကရင်နှစ်သစ်ကူးနှင့်  ကောက်သစ်စားပွဲတော်ကို  နှစ်စဉ် ပြာသိုလဆန်း ၁ ရက်တွင် ကျင်းပလေ့ရှိပြီး ရပ်ဝေးသို့ ရောက်ရှိနေသည့် ညီအစ်ကိုမောင်နှမများ ပြန်လည်တွေ့ဆုံကာ တစ်နှစ်အတွင်း စိုက်ပျိုးရာမှ ရရှိလာသည့်  ကောက်ပဲ သီးနှံများကို ဝတ်ပြုဆုတောင်းကာ  စားသောက်လေ့ရှိသည်။ 
-
အဆိုပါပွဲတော်သို့ ဘားအံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဘီးလင်း စသည့်မြို့နယ်များရှိ ကျေးရွာပေါင်း ၃ဝ ကျော်မှ ဒေသခံများ လာရောက်ကြကြောင်း သိရသည်။ ''နှစ်သစ်ကူးဆုတောင်းအနေနဲ့  ကရင်တိုင်းရင်းသားအားလုံး  စုစုစည်းစည်းနဲ့ စည်းလုံးညီညွတ် ကြပါစေလို့ ဆုတောင်းပါတယ်'' ဟု ပွဲတော်သို့ လာရောက်သူ ကိုစောအောင်နိုင်ဦး ကပြောသည်။ 
-
ယနေ့တွင်  ကရင်ပြည်နယ် အပါအဝင် ကရင်တိုင်းရင်းသားများ  အများစုနေထိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌လည်း ကရင်ရိုးရာ နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်ကို ကျင်းပကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger