www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2018

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
-
နေပြည်တော်   ဒီဇင်ဘာ   ၁ဝ
-
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အရာရှိ၊   စစ်သည်၊ မိသားစုများ၊   ဒိုင်အဖွဲ့ဝင်များ၊  ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြ သူများနှင့်အတူ   ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။
-
အဆိုပါပြေးခုန်ပစ် ပြိုင်ပွဲကို တိုင်းစစ်ဌာန ချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း  ၃၂  သင်း၊  ပြိုင်ပွဲအမျိုး အစား ၂ဝ မျိုးဖြင့် ဒီဇင်ဘာ ၁၇ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger