www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2018

အမျိုးသမီး အများစု ရွှေဆိုင်ဖွင့်လှစ်ရန် ရွှေပညာ အခမဲ့သင်တန်း တက်ရောက်

-
ရန်ကုန် ဒီဇင်ဘာ ၉
-
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ ယမန်နေ့က စတင်ဖွင့်လှစ်သည့် ရွှေပညာအခမဲ့ သင်တန်း၌ အမျိုးသမီးငယ် အများစု တက်ရောက်ကြောင်း အဆိုပါအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။အဆိုပါ ရွှေပညာအခမဲ့ သင်တန်းကို ရွှေဘုံသာလမ်းရှိ ယင်းအသင်း၌ နှစ်ပတ်ကြာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး သင်တန်းသား ၁ဝဝ ဦးခန့်တက်ရောက်ကြသည်။
-
''အခုသင်တန်းက မိုင်းနင်းတူးဖော်တဲ့ အဆင့်ကနေ ရွှေသန့်စင်လုပ်ငန်း၊ ရွှေဝယ်ရောင်းနဲ့ အရည်အသွေး စစ်ဆေးနည်း၊အကြိုအဆင့် ခွဲခြားနည်းတွေကို ထည့်သွင်း သင်ကြားပေးမှာပါ။ လူငယ်အမျိုးသမီး တော်တော်များများက ရွှေဆိုင်ဖွင့်ချင်သူတွေ များပါတယ်'' ဟု ဦးဝင်းမြင့် ကပြောသည်။ထို့ပြင် ရွှေပညာနှင့် ပတ်သက်ပါက မျိုးဆက်သစ်အားလုံး တိုးတက်စေရန်နှင့် ရောင်းဝယ်ရာတွင် ဈေးနှုန်းသိရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
-
''ကိုယ်ဝယ်လိုက်တဲ့ဈေးရယ်၊ အလျော့တွက် လက်ခဈေးနှုန်းနဲ့ ဒါတွေကို ပြည်သူတွေသိအောင် လုပ်ပေးတာပါ။ နောက်ဘယ်လို ရောင်းရမယ်၊ ဘယ်လိုဝယ်ရမယ်၊ ဒါတွေလည်း သိရှိနိုင်ပါတယ်'' ဟု အောင်သမာဓိ ရွှေဆိုင်မှ တာဝန်ခံ ဦးလှဝင်း ကပြောသည်။ အဆိုပါအသင်း၌ ရွှေပညာဒါန သင်တန်းများကို ၁၆ ကြိမ်ခန့် သင်ကြားပေးပြီး ဖြစ်ကာ တစ်ပိုင်တစ်နိုင် ရောင်းဝယ်သူများ၊ ရွှေထည် အပေါင်ခံသူများ စသည်ဖြင့် မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။ရွှေပန်းထိမ်ပညာတွင် အသားထည်၊ အကျစ်ထည်စသည်ဖြင့်ရှိကာ အချိန်သုံးနှစ်မှ သုံးနှစ်ခွဲ၊ ရွှေဖြင့်ကွပ်သည့် စိန်ရတနာပစ္စည်း၊ ကျောက်မျက်လက်ဝတ်ရတနာ စသည်ဖြင့် အထည်စုံပြုလုပ်နည်း အပါအဝင် ရွှေငွေရတနာ ပန်းထိမ်ပညာများကို သင်ယူတတ်မြောက်ရန် အချိန်အားဖြင့် ခုနစ်နှစ်ကြာမြင့်မည်ဖြစ်ကာ ယခုသင်တန်းသည် အခြေခံ သင်တန်းဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger