
-
နေပြည်တော် ဒီဇင်ဘာ ၁၃
-
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကပ်ကူကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဒီဇင်ဘာ ၁၂ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၁၆ ဦးတို့ကို အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်
ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး နှလုံးခုန်နှုန်းစမ်းသပ်ခြင်း၊ ဆီးချို၊သွေးချို စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
-
ထို့ပြင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ဆီးချို၊ သွေးချိုရောဂါနှင့် နှလုံးရောဂါတို့ မဖြစ်ပွားစေရန် ဆောင်ရန်၊ရှောင်ရန်တို့နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment