
-
နေပြည်တော် ဒီဇင်ဘာ ၁၀
-
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒိ္ဓအားကစားကွင်း Sport Complex Indoor Stadium ၌ ကျင်းပရာ ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ နာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ ဖွင့်လှစ်ပေးသည်။
-
ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာ ဖေမြင့်၊ ဦးမင်း သူ၊ သူရ ဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေးနှင့် ဒေါက်တာ ၀င်းမြတ်အေး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယ ၀န်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်တင်၊ ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ လာအိုနိုင်ငံ ပညာရေးနှင့် အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ပါမောက္ခ ဒေါက်တာ Khamphay Sisavanh ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ် တော်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြိုင်ပွဲဝင် နိုင်ငံများမှ တာဝန်ရှိ ပုဂ်္ဂိုလ်များ၊ အားကစားအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌများ၊ ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များ၊ ပြိုင်ပွဲကို တရားမျှတစွာ ကျင်းပပေးကြမည့် International Technical Officers များနှင့် ဒိုင်/ဂျူရီများ၊ ပြိုင်ပွဲဝင်နိုင်ငံ အသီးသီးမှ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစား သမားများ၊ စေတ နာရှင် အလှူရှင်များနှင့် အားကစား ၀ါသနာရှင်များ တက်ရောက်ကြသည်။
-
ရှေးဦးစွာ နိုင်ငံကျော် တေးသံရှင်များက အဆုံးထိ ခရီးနှင်မယ်၊ အာရှသား၊ Youth & Friendship၊ Hero ၊ မင်္ဂလာပါ၊ နာမည် ကျန်ရစ်နေမယ်နှင့် Youth and Friendship (Theme Song)တို့ဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။
-
ဆက်လက်၍ အခမ်းအနား အစီအစဉ်အရ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ် များ အားကစားပြိုင်ပွဲကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက တစ်ဆယ်မှ တစ်အထိ (Countdown) ဂဏန်း ရေတွက်မှု အတိုင်းပုံစံ ဖော်သရုပ်ပြမှုနှင့် ဖွင့်ပွဲ အခမ်းအထို့နောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် ထပ်ဆင့်အကယ်ဒမီ ဓီရာ မိုရ်က အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် တွဲဖက်၍ ””ဒါမြန်မာ””သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေ တင်ဆက်ကြသည်။
-
ယင်းနောက် အလံကိုင်အဖွဲ့၊ ဘင်ခရာ အဖွဲ့နှင့် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှအားကစားသမားများက ကွင်းအတွင်းသို့ ချီတက်နေရာယူကြသည်။အားကစားသမားများကွင်းအတွင်း နေရာ ယူအပြီးတွင် ကွင်းအတွင်းရှိအလံတိုင်တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အလံကို ဦးစွာ လွှင့်တင်ပြီး အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ကောင်စီအလံနှင့် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား အလံတို့ကို လွှင့်တင် ကြသည်။
-
ထို့နောက် (၁၉)ကြိမ်မြောက် အရှေ့ တောင်အာရှ တက္ကသိုလ် များ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြိုင်ပွဲ ကျင်းပရေး ဆိုင်ရာ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ကောင်စီအထွေထွေ အတွင်းရေးမှူး Mr. Muhamad Mohd Hanif က ကျေးဇူးတင် စကားပြောကြားသည်။
-
ယင်းနောက် (၁၉)ကြိမ်မြောက် အရှေ့ တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပ ခဲ့ပြီး ပထမအကြိမ် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ် တွင် ထိုင်းနိုင်ငံ၌ စတင်ကျင်းပခဲ့ ကြောင်း၊ ယခု(၁၉)ကြိမ်မြောက်အရှေ့တောင် အာရှတက္ကသိုလ်များ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက်များစွာဝမ်းမြောက် ဂုဏ်ယူ ကြောင်းကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ ကိုယ်စား ပြောကြားလို ကြောင်း၊ ယနေ့ကမ္ဘာတွင် ““အားကစားသည်ထိရောက်ကောင်းမွန်သော သံတမန် လမ်းကြောင်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခြာ မင့်မားမှုကို ပီပြင်စွာဖော်ထုတ်ပြသနိုင်ပြီး နိုင်ငံတကာ ချစ်ကြည်ရေးကိုအား မြှင့်ပေးသည့်နည်းလမ်း ကောင်းတစ်ရပ်””ဖြစ်သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း။
-

-
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ အာဆီ ယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲများမှ တစ်ဆင့် အာဆီယံ လူငယ်များ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် စည်းလုံး ညီညွတ်မှုများ ရရှိလာစေရေး၊ မိမိတို့၏ အားကစားစွမ်းရည်များကို ထုတ်ဖော်ပြသခွင့် ရရှိလာစေခြင်းဖြင့် အာဆီယံ ဒေသအတွင်း ထူးချွန်အားကစားသမားများပေါ်ထွက်လာစေရေး၊ တက္ကသိုလ် အားကစားသမားများအကြား သက်ဆိုင်ရာ တက္ကသိုလ် အသီးသီး၏ အချက် အလက်များနှင့် ယဉ်ကျေးမှုဆိုင်ရာများကို အချင်းချင်းအပြန်အလှန် လေ့လာ ဖလှယ်ခွင့်ရရှိစေရေးတို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင် အာရှနိုင်ငံများအကြား အားကစားဖြင့် ချစ်ကြည်ရေးကို တိုးမြှင့်ခိုင်မာစေရန်ရည်ရွယ်ပြီး “လူငယ်နှင့် ချစ်ကြည်ရေး (Youth and Friendship)” ဆိုသည့် ဆောင်ပုဒ်ကို ချမှတ်ပြီးယခုကဲ့သို့ ပြိုင်ပွဲကြီးကို လက်ခံ ကျင်းပရခြင်းဖြစ်ကြောင်း။
-
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမား စုစုပေါင်း ၂၀၇၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး အားကစားနည်း ၁၇ နည်း ကို ပြိုင်ပွဲပေါင်း ၂၀၁ မျိုးဖြင့် ထည့်သွင်း ကျင်းပ သွားမည်ဖြစ်ကြောင်း။
-
ပြိုင်ပွဲကိုအောင်မြင်စွာလက်ခံကျင်းပနိုင်ရန်အတွက်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့်ကျင်းပရေးကော်မတီများ၊ တာဝန် ရှိသူ များက အတတ်နိုင်ဆုံးပြည့်စုံအောင် ကြိုးပမ်းပြင်ဆင်ထားကြသကဲ့သို့ ဆက်ဆံရေးလုပ်အား ပေးလူငယ်များက လည်း ကြွရောက်လာကြသော ဧည့်သည်တော်များ၊ အားကစားသမားများကို မြန်မာတို့၏ ယဉ်ကျေးပျူငှာမှု၊ ရင်းနှီး ဖော်ရွေမှုများကို ပြသပြီး လိုအပ်သည်များ အနီးကပ်ကူညီပေးသွားကြမည်ဖြစ်ကြောင်း။
-
နိဂုံးချုပ် အနေဖြင့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို တက် ရောက်အားပေးကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ၊ ပြိုင်ပွဲကိုတရားမျှတစွာ ကျင်းပပေးကြ မည့် International Technical Officers များနှင့် ဒိုင်/ဂျူရီများ၊ အားကစား စိတ်ဓာတ်အပြည့်ဖြင့် ၀င်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားသမားများနှင့်အုပ်ချုပ်သူ/ နည်းပြများ၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဘက်ဘက်က ၀ိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်နေကြသော တာဝန်ရှိ သူများ၊ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်ပေး ကြသော ယဉ်ကျေးမှု အနုပညာရှင်များ၊ ဂီတ ပညာရှင်များနှင့် ပြိုင်ပွဲသတင်းများကို အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်လွှင့်ပေးကြမည့် မီဒီယာများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း (၁၉)ကြိမ်မြောက်အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယခုအချိန်မှစ၍ ဖွင့်လှစ် ကြောင်းကြေညာသည်။
-
ထို့နောက် အားကစားသမားများကိုယ်စား ၀ူရှူး အားကစားသမား မစန်္ဒီဦးနှင့် ဒိုင်လူကြီးများ ကိုယ်စား ကရာတေး ဒိုင်လူကြီး ဒေါ်အိုလီ ဗာယင်းဝှာ ထောင်းလွယ်တို့က အာဆီယံနိုင်ငံ အလံများ ခြံရံလျက်သတ်မှတ်စင်မြင့်၌ အားကစား သစ္စာ အဓိဋ္ဌာန်ပြုကြသည်။
-
ဆက်လက်၍ မီးထွန်းညှိတိုင်ကိုအရှေ့ တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ ဆုတံဆိပ်များရရှိခဲ့ကြသော ပြေးခုန်ပစ် ကြေးတံဆိပ်ဆုရှင် မသီသီမွန်က ကွင်းအတွင်း သယ်ဆောင်လာပြီး ကရာတေးဒို ငွေတံဆိပ် ဆုရှင် မသဇင်အေးနှင့် ပိုက်ကျော်ခြင်း ရွှေတံဆိပ် ဆုရှင် မောင်အောင်ပြည့်ထွန်းတို့က လက်ဆင့်ကမ်း သယ်ဆောင်ကြပြီး ပိုက်ကျော်ခြင်းရွှေတံဆိပ်ဆုရှင် မောင်ဝေလင်းအောင်က ပင်မမီးရှူးတိုင်တွင် မီးထွန်းညှိပေးသည်။
-
ယင်းနောက် အာဆီယံနိုင်ငံများမှ အားကစားသမားများကွင်းအတွင်းမှ ပြန်လည် ထွက်ခွာကြသည်။ ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးတို့မှ ကျောင်းသား၊ ကျောင်းသူ များက ““မင်္ဂလာပါ AUG ””၊ ““မြင်းခင်းတော်””၊ ““လှပဆန်းမြိုင် နှစ်ပွင့်တစ်ခိုင်””၊ သွေးချင်းတို့ရဲ့မြေ”နှင့်““ချစ်ကြည် ရင်းနှီး အားသစ်ခရီး””သီချင်းများဖြင့် တေးသရုပ်ဖော် ဖျော်ဖြေ တင်ဆက်ကြပြီး ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း လိုက်သည်။နားကို စတင်ကျင်းပသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment