-
နေပြည်တော် ဒီဇင်ဘာ ၁၃
-
ရခိုင်ပြည်နယ်အတွင်းသို့ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ကျောက်ဖြူခရိုင်၊ စနဲမြို့၊ စစ်တောကျေးရွာရှိ ဒေသခံပြည်သူ ၉၅၄ ဦးတို့ကို အဆိုပါကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၉၃ ဦး၊ ခွဲစိတ်ရောဂါ ၈၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၇၇ ဦး၊ ကလေးရောဂါ ၉၂ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၉ဝ ဦး၊ မျက်စိရောဂါ ၁၈၂ ဦးနှင့် သွားရောဂါ ၁၃၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၃ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၇၂ ဦး၊ECG နှလုံး စမ်းသပ်လူနာ ၉၈ ဦးနှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၄၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၂၃ ဦးတို့အား ဆေးရုံ ရေယာဉ်ပေါ်၌ ဆေးရုံတင်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment