www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2018

အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်နှင့်ဇနီး ရှရီမတီဆာဗီးတာကိုဗင့်ဒ် ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်နှင့်ဇနီး ရှရီမတီဆာဗီးတာကိုဗင့်ဒ် ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ
-
နေပြည်တော် ဒီဇင်ဘာ ၁ဝ
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်နှင့်ဇနီး ရှရီမတီဆာဗီးတာ ကိုဗင့်ဒ် တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၈ နာရီ မိနစ်၂ဝတွင် အထူး လေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။
-
အိန္ဒိယနိုင်ငံ သမ္မတနှင့်ဇနီးတို့ လိုက်ပါလာသည့် အထူးလေယာဉ်သည် နေပြည်တော် အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာရာ နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri တို့က လေယာဉ်ပေါ်သို့ တက်ရောက်ပြီး ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။
-
ထို့နောက် အိန္ဒိယနိုင်ငံ သမ္မတနှင့် ဇနီးတို့အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့်ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် နှင့်ဇနီး၊ အိန္ဒိယသမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၏ဇနီး၊ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကြိုဆိုနှုတ်ဆက်ကြ သည်။
-
ယင်းနောက် အိန္ဒိယနိုင်ငံ သမ္မတနှင့်ဇနီးတို့သည် နေပြည်တော်၌ ခေတ္တတည်းခိုမည့် Park Royal ဟိုတယ်သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger