www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 23, 2018

ပန်းချီဆရာ မိုးကျော်သူ၏ တစ်ကိုယ်တော်အနုပညာပြပွဲ THE YANGON GALLERY ၌ကျင်းပ

-
ရန်ကုန် နိုဝင်ဘာ ၂၂ 
-
 ပန်းချီဆရာမိုးကျော်သူ၏ (၅) ကြိမ်မြောက် တစ်ကိုယ်တော် အနုပညာပြပွဲကို ယနေ့တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်ဝင်း အတွင်းရှိ The Yangon Gallery ၌ ကျင်းပ သည်။
-
အဆိုပါပြပွဲတွင် အခရွိုင်းလစ်ဖြင့် ရေးဆွဲထားပြီး အရွယ်အစားဆိုဒ်စုံ ပန်းချီကား ၅ဝ ခန့်ကို အနုပညာရသမြောက်စွာ ပုံဖော်ထားသည်။ ထို့ပြင် ရောင်းချရန် မဟုတ်သည့် မင်ဖြင့် ရေးဆွဲ ထားသော Head Collision ပန်းချီကား ၂ဝ နီးပါးကိုလည်း ပြသထားသည်။ အခရွိုင်း လစ်ပန်း ချီကားများ၏ ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၃ဝဝ မှ ၂၈ဝဝ အထိရှိကြောင်း သိရသည်။
-
''ဘုရားဖူးပြီးအပြန် ကလေးတွေကို ပန်းခြံထဲလိုက်ပို့ရင်း ဒီကိုဝင်ကြည့်ဖြစ်တာပါ။ ပန်းချီ ကားတွေက လက်ရာမြောက်ပါတယ်။ တချို့ပန်းချီကားတွေဆိုရင် ပန်းချီဆရာက ဘာပြောချင် လဲ ဆိုတာ တော်တော်ကြည့်ယူရတယ်။ အဲဒါကိုက ပန်းချီရဲ့ရသ ဖြစ်မယ်ထင်တယ်။ သိပ် တော့ နားမလည်ဘူး။
-
ကလေးတွေကတော့ ပန်းချီတို့၊ ဓာတ်ပုံတို့ ဝါသနာပါတော့ သဘောကျကြတယ်။ ခုလို တိုးတက်နေတဲ့ ခေတ်ကြီးမှာ ပန်းချီအနုပညာကို တန်ဖိုးထားတဲ့ ဒီလိုပန်းချီဆရာတွေ ရှိနေ သေးတာ ဂုဏ်ယူရမှာပါ'' ဟု အင်းစိန်မြို့နယ်မှ ပန်းချီဝါသနာရှင် ဦးသူရက ပြောသည်။
-
ပန်းချီဆရာ မိုးကျော်သူ၏ တစ်ကိုယ်တော်အနုပညာပြပွဲကို နိုဝင်ဘာ ၂၅ ရက်အထိ နေ့စဉ် နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီအတွင်း ပြသမည်ဖြစ်သည်။ ဆရာမိုးကျော်သူသည် ၂ဝဝ၂ ခုနှစ်တွင် ပထမ အကြိမ်၊ ၂ဝဝ၅ ခုနှစ်တွင် ဒုတိယ အကြိမ်၊ ၂ဝ၁၁ ခုနှစ်တွင် တတိယအကြိမ် အဖြစ် လောကနတ် Gallery ၌လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လတွင် OK Gallery ၌လည်းကောင်း ပန်းချီပြပွဲကျင်းပခဲ့ပြီး ယခုအကြိမ် The Yangon Gallery ၌ ကျင်းပခြင်းသည် ပဉ္စမအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger