
-
ပဲခူး နိုဝင်ဘာ ၁၈
-
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပဲခူးမြို့သူမြို့သားများ စုပေါင်း ၍ အဋ္ဌမအကြိမ်မြောက် စတုဒိသာ ကျွေးမွေး လှူဒါန်းပွဲနှင့် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၂၂ ရက်)တွင် ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်ရှိ ယာဉ်ရပ်နားကွင်းနှင့် ဗုဒ္ဓအသံဓမ္မဗိမာန် ရှေ့ကွင်းပြင်တို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၈ နာရီတွင် ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့ရှိ စတုဒိသာမဏ္ဍပ်၌ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအား စတုဒိသာ ကျွေးမွေး လှူဒါန်းခြင်း အစီအစဉ် အဖြစ် ဆန်အိတ် ၄ဝ၊ ဝက်သားအချိန် ပိဿာ ၁၅ဝဝ၊ ငါးကြင်း အချိန် ပိဿာ ၁ဝဝဝ တို့ကိုချက်ပြုတ်ကာ ကျွေးမွေးလှူဒါန်း သွားမည်ဖြစ်သည်။ အဆိုပါနေ့ ည ၇ နာရီတွင် ယာဉ်ရပ်နားကွင်း၌ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မီးပုံးပျံတစ်လုံး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှ မီးပုံးပျံတစ်လုံး၊ ပွဲတော် ကျင်းပရေး ကော်မတီမှ မီးပုံးပျံတစ်လုံး၊ ဦးခင်မောင်ဝင်း ကြယ်နီ ဆေးလိပ်မိသားစုမှ မီးပုံးပျံတစ်လုံး၊ နီလာရိုးမ ဆီဆိုင် မိသားစုမှ မီးပုံးပျံတစ်လုံး စုစုပေါင်းမီးပုံးပျံ ငါးလုံးလွှတ် တင်ပူဇော်ခြင်း အစီအစဉ် ကျင်းပမည်ဖြစ်သည့် အပြင် နိုဝင်ဘာ၂၁ ရက်နှင့် ၂၂ ရက် ညပိုင်း တို့တွင်လည်း နိုင်ငံကျော် အဆိုတော်များ၏ သီဆိုဖျော်ဖြေခြင်း အစီအစဉ်များကို ထည့် သွင်း ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment