-
ရန်ကုန် နိုဝင်ဘာ ၁၄
-
မြန်မာနိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတွင် ကာဗွန်အသုံးပြုမှုလျှော့ချနိုင်ရန် ငွေကြေးပံ့ပိုးပေးမည်ဖြစ်ကြောင်း UK Department for International Tradeဒါရိုက်တာ Douglas Barnes ထံမှ သိရသည်။
-
မြန်မာနိုင်ငံအနေဖြင့် ကာဗွန် လျှော့ချရေး ကဏ္ဍတွင် ဗြိတိန်နိုင်ငံနည်းတူ အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက် မှသာ အောင်မြင် မည်ဖြစ်ပြီး လိုအပ်သည့်စွမ်းအင်ကဏ္ဍကို ဖြည့်ဆည်းပေးရာတွင် တစ်မျိုးတည်းကိုသာ အဓိက အသုံးပြုနေခြင်းမျိုး မဟုတ်ဘဲ Energy Mix ကို အသုံးပြုရန် လိုအပ်မည်ဖြစ်သည်။
-
မြန်မာနိုင်ငံအနေဖြင့် ၂ဝ၃ဝ ပြည့်နှစ်တွင် ကာဗွန်အသုံးပြုမှု လုံးဝလျှော့ချနိုင်ရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက် လျက်ရှိသည်။
-
ထို့ပြင် ၂ဝ၃ဝ ပြည့်နှစ်အထိ ကာဗွန် လျှော့ချ အသုံးပြုနိုင်မည့် A1 မီးဖို ၂၆ဝဝဝဝကို ကျေးရွာများ၌ ဖြန့်ဝေပေးရန် ဆောင်ရွက် ထားကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ ရောက်ရှိနေပြီဖြစ်သည့် Climate Change Master Plan လည်း မကြာမီ ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။
-
''ကျွန်တော်တို့အဖွဲ့မှာ စုဘူး ၅ဝ ဘီလီယံ ထားတယ်။ ဒီစုဘူးက မြန်မာနိုင်ငံတစ်နိုင်ငံ တည်းအတွက်မဟုတ်ဘဲ အာဆီယံနိုင်ငံ ခြောက်နိုင်ငံအတွက် အသုံးပြုမှာပါ။ အဲဒီ၁၅ ဘီလီယံကို စွမ်းအင်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ဘယ်နေ ရာမှာ လေအင်အား ကောင်းသလဲ၊ ဆိုလာအသုံးပြုဖို့ ဘယ်နေရာမှာ အကောင်းဆုံးလဲ ဆိုတာ ဆန်းစစ်ဖို့ အတွက် ငွေချေးပေးရာမှာလည်း ဘယ်လိုနေရာမှာ နည်းပညာတွေလိုအပ်တယ်၊ ဘယ်အပိုင်းကို ကူညီဖို့လိုတယ် ဆိုတာ တိတိကျကျတင်ပြ ပြီးမှသာ ကျသင့်တဲ့ငွေကို ချပေးမှာဖြစ်ပါတယ်။ ဒီငွေကြေးကူညီမှုက ၂ဝ၂၂ ခုနှစ် အထိ ပဲဖြစ်ပါတယ်'' ဟု Douglas Barnes ကပြောသည်။
-
လက်ရှိတွင် Climate Change Master Plan ထွက်ရှိပါက သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွှယ်နေသည့် လုပ်ငန်း များနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ရမည်ဖြစ်ပြီး ပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရန် ဆိုသည့် မူဝါဒများ မပါဘဲ ချမှတ်၍မရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၃ဝ ပြည့်နှစ်တွင် ကာဗွန် လျှော့ချနိုင်ပါက နိုင်ငံတော် အစိုးရ အနေဖြင့် သိသာ ထင်ရှားသည့် မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို ကနဦးရှင်းရှင်း လင်းလင်းရေးဆွဲ ထားရ မည်ဖြစ် ကြောင်း သိရသည်။၏
-
ဗြိတိန်အနေဖြင့် ပံ့ပိုးကူညီသည့် အဖွဲ့အပြင် နောက်ထပ်ကူညီမှုများ ပေးမည့်မိတ်ဖက် အဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်မှသာ ကာဗွန်လျှော့ချရေး လုပ်ငန်းစဉ် အောင်မြင်မည်ဖြစ်ကြောင်း သိရသည်။
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment