www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 2, 2018

မှော်ဘီမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (မြောင်းတကာ)၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော်  အောက်တိုဘာ  ၁
-
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(မြောင်းတကာ)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။
-
ဦးစွာ  ဆေးကုသရေးအဖွဲ့က  ဆရာ၊ ဆရာမ ၅၆ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၃၃၈ ဦးတို့ကို  သွေးတိုးရောဂါ၊  ဆီးချို၊ သွေးချိုရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ တုပ်ကွေးရောဂါ၊ နား/နှာ ခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အာရုံကြောရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
-
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား  တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် သွေးလွန် တုပ်ကွေးရောဂါအကြောင်း  ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger