www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 1, 2018

ဖောက်စွပ်ယာဉ် ဖောက်စွပ်ယာဉ် ပြုလုပ်မှုများရှိ၍ ပြုလုပ်မှုများရှိ၍ ရန်ကုန်မြို့ ရှိ ကားဘော်ဒီရုံများကို ကားဘော်ဒီရုံများကို ရှောင်တခင် ရှောင်တခင် စစ်ဆေးမည်

ရန်ကုန်   စက်တင်ဘာ  ၃ဝ
-
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကားဘော်ဒီရုံများကို ရှောင်တခင်ဝင်ရောက်စစ် ဆေးမည်ဖြစ်ပြီး မော်တော်ယာဉ်အလုံးချိန်းခြင်းပြုလုပ်နေသည်ကိုတွေ့ရှိပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကုန်းလမ်း
ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က-ည-န)မှ သိရသည်။ ဖောက်စွပ်ယာဉ်များကို လက်ခံမည် မဟုတ်သည့်အတွက် အဆိုပါယာဉ်များအား လုပ်ဆောင်ပေးနေသည့် ကားဘော်ဒီရုံများကို
အရေးယူရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
-
လက်ရှိတွင် ဖောက်စွပ်ယာဉ်များနှင့်ပတ်သက်၍ သိမ်းဆည်းခြင်း၊ မှတ်ပုံတင်ဖျက် သိမ်းခြင်းများပြုလုပ်လျက်ရှိပြီး လတ်တလောတွင် လိုင်စင်မဲ့ယာဉ်ဖောက်စွပ်ပုံစံအသစ် ဖြစ်သည့်  Chassis No ပါသော မှတ်ပုံတင်
ပြီးသားယာဉ်၏ ရှေ့ကိုယ်ထည်ဦးခေါင်းပိုင်းနှင့် ရုပ်ပုံစံထွက်တူ လိုင်စင်မဲ့ယာဉ်တစ်စီး၏ အနောက်ကိုယ်ထည်ပိုင်းခါးလယ်မှ ဖြတ်ဆက်၍ Member တန်းကြီးတစ်ခုလုံး ပါးခြမ်းမှဖြတ်ထုတ်ကာ ခါးမှပြန်ဆက်သည့်ပုံစံများ
ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိနေရကြောင်း သိရသည်။
-
ယင်းအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကားဘော်ဒီရုံများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမည်ဖြစ်ကာ ဖောက်စွပ်ပြုလုပ်ထားသောယာဉ်များသည် နည်းပညာပိုင်းအရ စိတ်မချရသည့်အတွက် အသုံး
ပြုပါက အန္တရာယ်ရှိသောကြောင့် စစ်ဆေး အရေးယူမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
-
ထို့ပြင် မော်တော်ယာဉ်အစိတ်အပိုင်းများ မမှန်မကန်ပြုလုပ်ခြင်းနှင့် ဖြတ်ဆက်ပြုလုပ် ထားခြင်းများ စစ်ဆေးတွေ့ရှိပါက ၂ဝ၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၈ (င)အရ မှတ်ပုံတင်ဖျက်သိမ်းခြင်းအပြင် အလုံး
ချိန်းပြုလုပ်နေသည့် ကားဘော်ဒီရုံများကိုလည်း ထိရောက်စွာအရေးယူနိုင်ကြောင်း၊ ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်များကို အာမခံထားရှိရန်လိုအပ်ပြီး ယာဉ်တိမ်းမှောက် ခြင်း၊ မတော်တဆဖြစ်ခြင်းများကြောင့် ပြန်
လည်ပြုပြင်မှုများပြုလုပ်ရန်ခက်ခဲပါက တိုက်ကြေအဖြစ် အရည်ကျိုအပ်နှံရန် လိုအပ်ကြောင်း သိရသည်။
-
ထို့ကြောင့် တရားမဝင်ဘော်ဒီအလုံးချိန်းနှင့် ဖောက်စွပ်၊ ဖြတ်ဆက်ခြင်းများ မပြုလုပ်ကြရန်နှင့် မမှန်မကန်ပြုပြင်ထားသောယာဉ်များ လက်ဝယ်ထားရှိခြင်းသည် မှတ်ပုံတင်ရာတွင် အခက်အခဲများရှိနိုင်သောကြောင့်
မော်တော်ယာဉ်ဝယ်ယူရာတွင် နားလည် တတ်ကျွမ်းသူများနှင့် စစ်ဆေးဝယ်ယူကြရန် လိုအပ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger