www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 5, 2018

ပုသိမ်ကြီးမြို့နယ် အတွင်းရှိ လယ်ယာမြေကွင်း နှစ်ခုအတွင်း တရားမဝင်လူနေအိမ်နှင့် အဆောက်အအုံ ၈ဝဝ ကျော် ဆောက်လုပ်ထား



မန္တလေး ၅-၉-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ် အတွင်းရှိ လယ်ယာမြေများကို အကွက်ရိုက်ရောင်းချမှု များပြားနေပြီး တရားမဝင် အဆောက်အအုံ ဆောက်လုပ်မှု များရှိနေကာ ကွင်းနှစ်ခုအတွင်း လူနေအိမ်နှင့် အဆောက်အအုံ ၈ဝဝကျော်ဆောက်လုပ်ထားကြောင်း ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ မြို့နယ်အတွင်းမှ အကွက်ရိုက်ရောင်းချသည့် လယ်ယာမြေများကို ဝယ်ယူသူများက အဆောက်အအုံ ဆောက်လုပ်ရာတွင် ဥပဒေနှင့်အညီ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းမရှိဘဲ အဆောက်အအုံဆောက်လုပ် နေခြင်းဖြစ်ပြီး ၎င်းလုပ်ငန်းလုပ်ဆောင် နေသူများကို ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း အကွက်များကို ဦးဆောင် စစ်ဆေးနေသည့် ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးမျိုးမင်းဦးက ပြောပြသည်။

"လက်ရှိအချိန်ထိတော့ ကွင်းနှစ်ခုကို စစ်ဆေးပြီးပါပြီ။ အဲဒီကွင်း နှစ်ခုထဲမှာတင် ဆောက်လုပ်ထားတဲ့ အိမ်ခြေ ၈ဝဝကျော်က လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ပြီးမှ ဆောက်ထားတာ မဟုတ်ပါဘူး။ ဥပဒေနဲ့မညီဘဲ ဆောက်ထားတာ။ အခုလောလောဆယ်တော့ အကွက်ရိုက်တဲ့သူတွေကို အရေးယူဖို့ ပြင်ဆင်နေပါတယ်" ဟု ၎င်းက ပြောပြသည်။

လက်ရှိတွင် ပုသိမ်ကြီးမြို့နယ် ကျေးရွာများအနီးရှိ ကွင်းများအားလုံးမှာ စစ်ဆေးရန်ကျန်ရှိနေပြီး နန်းဦးလွင်ကွင်း အရှေ့ဘက်မှ ကွင်းအမှတ် (၅၁၂)တွင် အိမ်ခြေ ၇ဝဝ ကျော်၊ ကွင်းအမှတ်(၄၉၃)တွင် အိမ်ခြေ ၁၅၄လုံးရှိသည်။

"လူနေထူထပ်လာလို့ လယ်ယာမြေပေါ်မှာ အကွက်ရိုက်အဆောက်အအုံ လုပ်တယ်ဆိုတာ လက်ခံပေမယ့် ဒီလိုလယ်ယာမြေပေါ်မှာ အဆောက်အအုံ လုပ်မယ်ဆိုရင် အစိုးရက သတ်မှတ်ထားတဲ့ ဥပဒေရှိပါတယ်။ ဥပဒေအတိုင်း မလုပ်လို့ အရေးယူတာ၊ တားမြစ်တာတွေကို လုပ်နေရတာပါ"ဟု ပုသိမ်ကြီးမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ပြောပြသည်။

လယ်ယာမြေများ ပေါ်တွင်အဆောက်အအုံ ဆောက်လုပ်နေခြင်းကို ဇွန်လအတွင်းက မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သောအဖွဲ့သည် လာရောက်စစ်ဆေးခဲ့ပြီး အဆောက်အအုံ ဆောက်လုပ်နေသည့် စက်ယန္တရားများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger